www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

မုဒုံစောင်ရက်ကန်း လုပ်ငန်းများ မတိမ်ကောစေရန် စိတ်ဝင်စားသူများကို ရက်ကန်းရက်လုပ်နည်း အခမဲ့ သင်ကြားပေးမည်



မုဒုံ ၊ ၈-၁၁-၂၀၁၆

မွန်ပြည်နယ် မုဒုံမြို့နယ် အတွင်းရှိ ကျိုက်ရွဲကျေးရွာ ထွက် မုဒုံရက်ကန်း စောင်များကို လူကြိုက်များပြီး ဝယ်ယူမှုများ ရှိသော်လည်း ရက်လုပ်သူ ရှားပါး လာခြင်းကြောင့် ရက်ကန်း လုပ်ငန်းများ မတိမ်ကော စေရန်နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် စိတ်ပါဝင်စား သူများကို ၂ဝ၁၇ ခုနှစ်မှစ၍ ရက်ကန်းရက် လုပ်နည်း အခမဲ့ သင်ကြားပေး သွားမည် ဖြစ်ကြောင်း မုဒုံစောင် လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ငွေစိန် ထံမှ သိရသည်။

''ပြည်ပမှာ အလုပ်သွားလုပ်တဲ့ သူတွေများလာလို့ မုဒုံစောင်ရက်တဲ့ ရက်ကန်း လုပ်ငန်းတွေ ပပျောက်သလောက် ဖြစ်ကုန်ပြီ။ ဒီလို မတိမ်ကောရအောင် မုဒုံစောင် ရက်လုပ်တာ ကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ရက်ကန်းပညာ အခမဲ့ သင်ကြားပေးဖို့ စီစဉ်ဖြစ်တာပါ'' ဟု ဒေါ်ငွေစိန် က ပြောသည်။

လက်ရှိတွင် မုဒုံစောင်များမှာ ဈေးကွက်အတွင်း ရောင်းချရလျက် ရှိသော်လည်း ရက်လုပ်သူ နည်းပါးခြင်းကြောင့် ဝယ်ယူလိုသူ များအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။ ကျိုက်ရွဲကျေးရွာ ၌ ယခင်က ရက်ကန်းစင် ပေါင်း ၂ဝ ကျော်ရှိခဲ့ သော်လည်း ယခုအခါ ရက်ကန်းစင် သုံးစင်သာ ကျန်ရှိတော့သည်။

ထို့ကြောင့် မုဒုံစောင် ရက်ကန်းလုပ်ငန်း များ ပြန်လည်တိုးပွား လာစေရေးအတွက် ရက်ကန်းသမားများ မပျောက်ပျက် စေရန် ယခုကဲ့သို့ စီစဉ်ပေးခြင်း ဖြစ်ပြီး စောင်များ ဈေးကွက် အတွင်းသို့ ဖြန့်ဖြူး နိုင်သည်အထိ
သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger