www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 10, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရပ်ဆဲလ်မြို့ မှ Antwerp မြို့သို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ Antwerp မြို့တွင် 
အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

Antwerp မြို့ညရှုခင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၁၁-၂၀၁၆

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးရောက်ရှိ နေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ဘရပ်ဆဲလ်မြို့မှ Antwerp မြို့သို့ ရထားဖြင့် သွားရောက် လေ့လာသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၂ဝ မိနစ်တွင် ဘရပ်ဆဲလ်မြို့၊ Midi Station မှတစ်ဆင့်ထွက် ခွာရာ Antwerp မြို့ Central Station သို့ ဒေသစံတော်ချိန် ည ၇ နာရီတွင် ရောက်ရှိသည်။ ၄င်းမှတစ်ဆင့် Antwerp မြို့ရှိ ထင်ရှားသော Cathedral of Our Lady ဘုရားကျောင်းနှင့် မြို့တော်ခန်းမ၊ ပြည်သူ့ရင်ပြင် တို့အား  လေ့လာ ကြည့်ရှုပြီး မော်တော်ယာဉ် များဖြင့် ပြန်လည် ထွက်ခွာရာ ဘရပ်ဆဲလ်သို့ ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်တွင် ပြန်လည် ရောက်ရှိ ကြသည်။

Antwerp မြို့သည် ဘရပ်ဆဲလ်မြို့မှ ၄၅ ကီလိုမီတာကွာ ဝေးပြီး ဘယ်လ်ဂျီယံ နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သကဲ့သို့ အကြီးဆုံး ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ နှစ်စဉ် ကုန်တင် သင်္ဘောအစင်းရေ ၁၅ သန်းခန့် ဆိုက်ကပ် ကြောင်း သိရှိရသည်။ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် များဖြစ်သော Cathedral of Our Lady ဘုရားကျောင်းနှင့် Antwerpen Stadhuis မြို့တော်ခန်းမတို့မှာ ထင်ရှား ကျော်ကြားပြီး နှစ်ပေါင်း ၅ဝဝ ခန့်ရှိ ရှေးဟောင်း အဆောက်အအုံများ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger