www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 23, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tula မြို့ရှိ JSC "KBP" ( Instrument Design Bureau ) သို့ သွားရောက် ကြည့်ရှုလေ့လာ



နေပြည်တော် ၊ ၂၃-၁၀-၂၀၁၆

ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၂ဝ ရက် နံနက် ၁ဝ နာရီတွင် Tula မြို့ရှိ JSC "KBP"(Instrument Design Bureau) သို့ ရောက်ရှိကြရာ တာဝန်ရှိ သူများက ကြိုဆိုကြသည်။

ရှေးဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  နှင့် အဖွဲ့ဝင်များသည် JSC "KBP"(Instrument Design Bureau) အစည်းအဝေး ခန်းမ၌ ကုမ္ပဏီမှ ထုတ်လုပ်သည့် ပစ္စည်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က သိရှိ လိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေး ခဲ့သည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီထုတ် ပစ္စည်းများ ခင်းကျင်းပြသ ထားမှု၊ အလုပ်ရုံအတွင်း ထုတ်လုပ် တပ်ဆင်နေမှု များကို လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြသ ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များအား JSC "KBP"(Instrument Design Bureau) ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Vladimir V. Popov က ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ စားပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် JSC "KBP" ညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger