www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 23, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ Scientific Production Cooperation (REKOD) သို့ သွားရောက်လေ့လာ ၊ မြန်မာ ထေရ၀ါဒ ဗုဒ္ဓ၀ိဟာရ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်


မော်စကိုမြို့ရှိ မြန်မာထေရ၀ါဒဗုဒ္ဓ၀ိဟာရ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော်အား 
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖူးမြော်ကြည်ညိုစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား Scientific Production Cooperation (REKOD) ၌ တာဝန်ရှိသူများက ရှင်းလင်း တင်ပြစဉ်

နေပြည်တော် ၊ ၂၃-၁၀-၂၀၁၆

ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် မော်စကိုမြို့ရှိ Scientific Production Cooperation (REKOD) သို့ သွားရောက် လေ့လာသည်။

ရှေးဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များသည် Scientific Production Cooperation (REKOD) သို့ ရောက်ရှိရာ တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။ 

ယင်းနောက် Scientific Production Cooperation (REKOD) အတွင်း လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသ ကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များသည် မွန်းလွဲ ၁ နာရီခွဲတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရှင် အစ္ဆရိယ အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မအလှူ ငွေများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မော်စကိုမြို့ Sheremetievo လေဆိပ်မှ ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် ပြန်လည် ထွက်ခွာရာ ရုရှားတပ်မတော်မှ စစ်ဦးစီး အရာရှိချုပ် ဖြစ်သူ Maj. Gen. Alexander Dragovalovskiy ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး  ဦးတင်ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေ နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger