www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 10, 2016

RCSS/SSA အဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ခံထားသော ဒေသခံပြည်သူများအား တပ်မတော်က ကယ်တင်ခဲ့ပြီး တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်


တပ်မတော်စစ်ကြောင်းက ကယ်တင်ခဲ့သည့် RCSS/SSA အဖွဲ့မှ ဖမ်းဆီးချုပ်နှောင် ခံထားရသော
 ဒေသခံပြည်သူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၁၀-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက ပုံမှန်နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် RCSS/SSA အဖွဲ့က ဖမ်းဆီးထားခြင်းမှ ကယ်တင်ခဲ့သည့် ဒေသခံပြည်သူ ၂၅ ဦးအား အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၌ တပ်မတော်မှ တာဝန်ရှိသူများက အသိသက်သေ ၁၄ ဦးရှေ့တွင် စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့သည်။ အဆိုပါ ဒေသခံပြည်သူ ၂၅ ဦးအနက် မိုင်းကိုင်မြို့နယ်မှ ရှစ်ဦး၊ နမ့်လန်ကျေးရွာ အုပ်စုမှ လေးဦး၊ မန်လီကျေးရွာမှ ကိုးဦး၊ နောင်ချိုမြို့နယ်မှ တစ်ဦး၊ ရပ်စောက် မြို့နယ်မှ နှစ်ဦး၊ မိုင်းခေးမြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒေသခံပြည်သူ ၂၅ ဦးအနက်၂၁ ဦးမှာ အောက်တိုဘာ ၁ ရက်တွင် တပ်မတော် စစ်ကြောင်းများက မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ပန်ပွဲကျေးရွာ အနီးသို့ အရောက် မသင်္ကာဖွယ် တဲသုံးလုံးအား တွေ့ရှိ ရှင်းလင်းစဉ် RCSS/SSA အဖွဲ့မှ အင်အားငါးဦး ခန့်က လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့ သဖြင့် ရန်သူသည် အနောက်တောင် ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။ အသေးစိတ် ရှင်းလင်းရာ တဲအတွင်းရှိ အချုပ်ခန်းများမှ ဒေသခံပြည်သူ ၂၁ ဦးအား တွေ့ရှိ ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဒေသခံပြည်သူ လေးဦးမှာလည်း အောက်တိုဘာ ၃ ရက်တွင် RCSS/SSA အဖွဲ့၏ ဖမ်းဆီးခံထား ရခြင်းမှ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်းထံသို့ လာရောက် သတင်းပို့ ခဲ့သည့်အတွက် ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger