www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 13, 2016

သီလ၀ါအထူးစီးပွားရေးဇုန် ၌ ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် ဂျပန်နိုင်ငံမှ ODA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၄၀ ရရှိထား



ရန်ကုန် ၊ ၁၃-၁၀-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သီလဝါအထူး စီးပွားရေးဇုန်၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် ဂျပန်နိုင်ငံ မှ ODA ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၄ဝ ရရှိထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းအကွက် များဖြစ်သော မြေကွက်အမှတ် (၂၂)၊ (၂၃)၊ (၂၄)၊ (၂၅) နှင့် (၂၆) တို့ကို ဂျပန်နိုင်ငံ ချေးငွေဖြင့် ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ အစိုးရနှင့် ဂျပန်အစိုးရ ကြား ချေးငွေ သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုး ခဲ့ပြီး ဆိပ်ကမ်း တည်ဆောက်မှု အတွက် အမေရိကန် ဒေါ်လာ ၁၃၆ သန်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းများ တည်ဆောက်ရန် လုပ်ငန်း ဆောင်ရွက်မှုများ အတွက် အကြံပေးအဖွဲ့ ခေါ်ယူခြင်း၊ တည်ဆောက်ရေး Contractor များ ခေါ်ယူခြင်းနှင့် ဆိပ်ကမ်းကုန် ကိုင်တွယ် ကိရိယာများ ဝယ်ယူခြင်း တို့အတွက် Mitsui ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ပြီး ဆိပ်ကမ်း တည်ဆောက်မှုအတွက် Toyo- JFEE JV က တင်ဒါအောင်မြင် ခဲ့ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် သီလဝါ အထူး စီးပွားရေးဇုန် ရှိ မြေကွက်အမှတ် (၂၂) မှ (၂၄) ကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် တည်ဆောက်မည် ဆိုပါက တည်ဆောက်မည့် အစီအစဉ် များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန သို့ ပြန်လည်တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

သီလဝါအထူး စီးပွားရေးဇုန် ၌ အထွေထွေ ကုန်စည်နှင့် ကုန်သေတ္တာ များ ကိုင်တွယ် ဆောင်ရွက်လျက် ရှိသော တံတားများမှာ MITT ၌ ငါးစင်း၊ MIPL ၌ တစ်စင်း၊ လက်ရှိတွင် ဆိပ်ကမ်း အာဏာပိုင်မှ အကောင်အထည် ဖော်ဆောင်ရွက် နေသည့် တံတားနှစ်စင်း နှင့် အမှတ် (၂၆) နှင့် ကပ်လျက် အကွက်၌ တည်ဆောက် နေသည့် တံတားနှစ်စင်း စုစုပေါင်း တံတား ၁ဝ စင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger