www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံသူအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံသူ 
ဦးဟောင်းဒိုင် နှင့် ဆိုင်ကယ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၆-၁၀-၂၀၁၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နတ်ကြီးကုန်း ရပ်ကွက် အတွင်းရှိ ခေါက်ဆွဲစက် ပိုင်ရှင်များအား KIA လက်နက်ကိုင် အဖွဲ့မှ ဆက်ကြေး ကောက်ခံနေကြောင်း သတင်းအရ နယ်မြေခံ တပ်မတော် စစ်ကြောင်းက အောက်တိုဘာ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ရပ်ကွက်အတွင်း အသေးစိတ် ရှင်းလင်း ဆောင်ရွက်ခဲ့ရာ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ဦးဟောင်းဒိုင် (ဘ) ဦးဒေါင်ဟောင်း အား ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ငွေကျပ် လေးသောင်းခန့် နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ နှင့်အတူ သိမ်းဆည်းရမိ ပစ္စည်းများအား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး မိုးကောင်း ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger