www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 25, 2016



သွေးထဲက အဆီ အကြောင်း

Dr. Thinzar Wynn

 သွေးတွင်း အဆီပမာဏဟာ အနာဂတ် နှလုံးကျန်းမာရေးကို ကောင်းစွာ ပြောပြနိုင်ပါတယ်။ အဆီ မြင့်မားခြင်းသည် နှလုံးရောဂါ ဖြစ်နိုင်ချေကို နှစ်ဆခန့်မြင့်တက် စေနိုင်ခြင်းကြောင့် ကြိုတင်ကုသမှု ခံယူရန်နှင့် ကာကွယ်မှုများ ပြုလုပ်ရန် အရေးကြီး လှပါတယ်။

အဆီအကြောင်း ပိုမိုသိရှိစေရန် အောက်ပါအချက်များကို ဖတ်ရှုကြည့်ပါ။

  • လူတိုင်းသည် အဆီမရှိဘဲနှင့် အသက်မရှင်နိုင်ပေ။ မွေးကတည်းက ခန္ဓာကိုယ်ထဲတွင် အဆီရှိပြီး ဖြစ်သည့်အပြင် မွေးကင်စ ကလေးများသည် မိခင်နို့မှလည်းကောင်း၊ နို့မှုန့်များမှ လည်းကောင်း အဆီကို ရရှိနိုင်ပါတယ်။ အမှန်တကယ်တွင် အဆီသည် ခန္ဓာကိုယ်ရှိ ဟော်မုန်းများနှင့် ဆဲလ်များကောင်းစွာ အလုပ်လုပ်နိုင်ရန် လိုအပ်ရုံမျှမက အဆီချေဖျက်ရန်အတွက် အသည်းမှ အက်ဆစ်များ ထုတ်နိုင်ရန်လည်း အကူအညီ ပေးပါတယ်။
  • အရွယ်ရောက်ပြီးသူ ၃ ယောက်မှာ တစ် ယောက်ဟာ ရှိသင့်တဲ့ အဆီပမာဏထက် ပိုမြင့်တက်နေလေ့ ရှိပါတယ်။ ထို့ကြောင့် အသက် ၂၀ ကျော်ပြီးသူတိုင်း ၅ နှစ်တစ်ကြိမ် သွေးတွင်း အဆီပမာဏကို စစ်ဆေးသင့်ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (CDC) မှ အကြံပြု ထားပါတယ်။
  • တစ်ခါတစ်ရံ အဆီပမာဏ များပြားနေခြင်းဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစားအသောက် အနေအထိုင် ဆင်ခြင်ရုံသာမက လေ့ကျင့်ခန်း ပုံမှန် လုပ်သော်လည်း အဆီပမာဏ မကျရခြင်း ဖြစ်ပါတယ်။
  • အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများ ကဲ့သို့ အဆီပါဝင်တဲ့ အစားအစာများကို စားသုံးပြီးပါက ခန္ဓာကိုယ်မှ ပိုလျှံနေသော ၎င်းအဆီများကို ဖယ်ရှားပေး နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက် ပမာဏ ဖယ်ရှားပေးနိုင်တယ် ဆိုတာကတော့ မျိုးရိုးဗီဇပေါ်ပဲ မူတည်ပါတယ်။ မိသားစုမျိုးရိုးထဲမှာ အဆီများနေတာ ဖြစ်ဖြစ်၊ အသက် ၅၀ မတိုင်မီ နှလုံး တိုက်ခိုက်ခံရဖူး ရင်ပဲဖြစ်ဖြစ် ဆရာဝန်နှင့် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုခံယူ သင့်ပါတယ်။ လူအများစု သည် အဆီဟာ အရွယ်ရောက်ပြီး သူများတွင်သာ ဖြစ်တတ်တဲ့ ပြဿနာလို့ ထင်တတ်ကြပေမယ့် ကလေးများမှာလည်း အဆီများ နေနိုင်ပါတယ်။ အမေရိကန် ကလေးအထူကု ဆရာ​ဝန်များ အကယ်ဒမီကအကြံပြုထားတာ ကတော့ ၉ နှစ်မှ ၁၁ နှစ်အတွင်း ကလေးငယ်များ အားလုံးကို အဆီပမာဏ စစ်ဆေးသင့်ကြောင်း၊ အကယ်၍ အဝလွန်သော၊ မိသားစုမျိုးရိုးတွင် နှလုံးရောဂါ ရှိသော၊ မိသားစု မျိုးရိုးတွင် အဆီပမာဏ မြင့်မားသူရှိသော ကလေးများကိုမူ အသက် ၂ နှစ်မှစ၍ အဆီပမာဏကို စစ်ဆေးသင့်ကြောင်း သိရပါတယ်။
  • ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်၏ ကောင်းသောအဆီ လို့ခေါ်တဲ့ HDL ပမာဏကိုမြင့်တက် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားသုံးခြင်း သာမက လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း ဟာလည်း နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေး နိုင်တဲ့ HDL ပမာဏကို မြင့်တက် စေနိုင်ပါတယ်။
  • အမျိုးသမီးများသည် အမျိုးသားများထက် အဆီပမာဏ နည်းသော်လည်း အတက်အကျ အလွန်များပါတယ်။ ကိုယ်ဝန်ဆောင် ချိန်တွင် ကလေးဦးနှောက် ဖွံ့ဖြိုးရန်အတွက် အဆီပမာဏ မြင့်မားလေ့ရှိပြီး မိခင်နို့တွင် အဆီများစွာ ပါဝင်ခြင်းကလည်း ကလေးကြီးလာလျှင် နှလုံး ကာကွယ်ရေးအတွက် အလွန် အကျိုးပြုနိုင်ပါတယ်။ ကလေး မွေးဖွားပြီးနောက်မူ အဆီပမာဏမှာ ပုံမှန်သို့ ပြန်ရောက်သွားလေ့ ရှိပါတယ်။ သို့ရာတွင် သွေးဆုံးပြီးနောက်မူ မကောင်းတဲ့ LDL အဆီတွေ မြင့်တက်လာပြီး ကောင်းတဲ့ HDL အဆီတွေက တဖြည်းဖြည်း ကျဆင်းလာပါတယ်။

မူရင်းနေရာ ။ 
http://www.drmyanmar.com/news/%E1%80%80%E1%80%BA%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC%E1%80%97%E1%80%9F%E1%80%AF%E1%80%9E%E1%80%AF%E1%80%90%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8%E1%80%91%E1%80%B2%E1%80%80-%E1%80%A1%E1%80%86%E1%80%AE%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger