www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 25, 2016

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နေ့စဉ်သွားလာနေသော ယာဉ်အစီးရေ ၂၀၀၀၀ ကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ဖြင့် စည်းကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၂၅-၁၀-၂၀၁၆

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် နေ့စဉ်သွားလာ နေသော ယာဉ်အစီးရေ ၂ဝ၄၃ဝ ခန့်ရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ဝင် အင်အား ၅၁၁ ဦးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း အမြန် လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

နေ့စဉ်သွားလာ နေသော မော်တော်ယာဉ် များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနှင့်အညီ မောင်းနှင် သွားလာမှုရှိ၊ မရှိ စစ်ဆေးရန် ချထားပေး ထားသော အမြန် လမ်းမကြီး တပ်ဖွဲ့ဝင် အင်အားသည် လုံလောက်မှု မရှိသေးကြောင်း၊ လိုအပ်သော တပ်ဖွဲ့ဝင် အင်အားများကို တိုးချဲ့ ခန့်ထားခြင်းများ ပြုလုပ်နေ သည့်နည်းတူ ခေတ်နှင့် လျော်ညီသော စက်ကိရိယာများ တပ်ဆင်ကာ စောင့်ကြည့် စစ်ဆေးခြင်း များကို လုပ်ဆောင် နေကြောင်း၊ နည်းပညာ အကူအညီများ ဖြစ်သည့် Traffic Information Centre မှ Telematics စက်များ တပ်ဆင်ကာ သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သည့် ခရီးသည်တင် ယာဉ်များနှင့် ခွင့်ပြုပြီး ကုန်တင်ယာဉ် များအား ၂၄ နာရီ စောင့်ကြည့် သတိပေးခြင်း များကိုလည်း ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

''ရှိတဲ့အင်အားနဲ့ ခေတ်မီ ကိရိယာတွေ တပ်ဆင်ပြီး စောင့်ကြည့် စစ်ဆေးခြင်းတွေ၊ သတိပေးခြင်း တွေကို လုပ်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း တိုင်ကြားမှုတွေ ပြုလုပ်နိုင် ပါတယ်။ ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက် မှုက ပိုပြီး ထိရောက်ပါတယ်'' ဟု အမြန်  လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မော်တော်ယာဉ် များတွင် သတ်မှတ် အရှိန်ထက် ပိုမိုမောင်းနှင်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ယာဉ်ရပ်တန့် ရာတွင် အန္တရာယ်ကင်း စေသည့် အစီအမံများ မရှိခြင်းတို့ကို အမြန် လမ်းမကြီးကို အသုံးပြု နေသည့် ခရီးသွား ပြည်သူများ အနေဖြင့် Traffic Information Centre သို့တိုင်ကြား နိုင်ကြောင်း၊ အမြန်လမ်းမ ကြီးတွင် မကြာခဏ ယာဉ်မတော်တဆ မှုများ ရှိနေသည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ကလည်း လမ်းပိုင်း ပြင်ဆင်ခြင်း များကို ဆောင်ရွက်နေပြီး တစ်ဖက်တွင်လည်း အမြန်လမ်း ထိန်းသိမ်းပြုပြင် ရေးနှင့် ကြီးကြပ်ရေး အပိုင်းကလည်း စစ်ဆေး အရေးယူခြင်း၊ သတိပေးခြင်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေး နေကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger