www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 7, 2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ဆောင်သစ်နှစ်ခု ဖွင့်လှစ်ပြီးနောက် ပြည်ပလေကြောင်းလိုင်း ၂၉ ခုဆင်းသက်



ရန်ကုန် ၊ ၇-၁၀-၂၀၁၆

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ဆောင်သစ် နှစ်ခု ဖွင့်လှစ်ပြီးနောက် ပြည်ပ လေကြောင်းလိုင်း ၂၉ ခု ဆင်းသက် အသုံးပြုလျက် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြီးတန်း အရာရှိ တစ်ဦးထံမှ သိရသည်။

အဆိုပါ တိုးချဲ့ဆောင်သစ် နှစ်ခုဖြစ်သည့် Terminal 1 ၌ ပြည်ပ လေကြောင်းလိုင်း ၁၃ ခုနှင့် Terminal 2 ၌ ပြည်ပ လေကြောင်းလိုင်း ၁၆ ခုဆင်းသက် အသုံးပြု နေပြီဖြစ်ကြောင်း၊ ယင်းလေဆိပ် တိုးချဲ့ဆောင်သစ် များကို ပြည်ပ ခရီးသွားများ နှင့် ပြည်တွင်း ခရီးသွားများ အသုံးပြုမှု များပြားလာသည့် အတွက် တိုးချဲ့ဖွင့်လှစ် ထားခြင်းဖြစ်ပြီး နိုင်ငံတကာ လေကြောင်း လိုင်းများ ဆင်းသက် အသုံးပြုရာတွင် အဆင်ပြေ စေရန်လည်း ပါဝင်ကြောင်း၊ ယင်း အဆောက်အအုံ သစ်ကို မတ် ၁၂ ရက် က စတင်ဖွင့်လှစ် ခဲ့သော်လည်း မတ် ၂ဝ ရက်မှသာ နိုင်ငံပိုင် မြန်မာ အမျိုးသား လေကြောင်းလိုင်း ခရီးစဉ်များတွင် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွင် ပြည်ပ လေကြောင်းလိုင်း များပါ ဆင်းသက် အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်မှ စတင်၍ ဝင်ရောက်လာသော ပြည်ပ လေကြောင်းလိုင်း များဖြစ်သည့် Emirates Airline နှင့် Hongkong Express စရိတ်နည်း လေကြောင်းလိုင်း သစ်တို့သည် Terminal 1 ၌ ဆင်းသက်၍ ခရီးစဉ်များ ပျံသန်းလျက် ရှိသည်။ အဆိုပါတိုးချဲ့ ဆောင်သစ် Terminal 1 သည် အလျားမီတာ ၂၄ဝ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ပြီး Basement အပါအဝင် ငါးထပ် အဆောက်အအုံ ဖြစ်သည်။
ယာဉ်ရပ်နားရာ နေရာမှ ဝင်ရောက် ထွက်ခွာနိုင်မည့် အလျား ၁ဝ၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄၈ မီတာရှိ Sky Kink နှင့် ဆက်သွယ် ဆောက်လုပ် ထားသည်။ ယင်းနောက် Terminal 2 ကို ဆက်လက် တည်ဆောက်ခဲ့ပြီး ယခုအခါ တိုးချဲ့ဆောင်သစ် နှစ်ခုစလုံး အသုံးပြု နေပြီ ဖြစ်သည်။

ယင်း အဆောက်အအုံ အသစ်များကို Yangon Aerodrome Services ကုမ္ပဏီ က တာဝန်ယူ တည်ဆောက်ပေး ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger