www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 12, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အား ၃၀၀ ဦးခန့်က ၀ိုင်းဝန်းတိုက်ခိုက်


နေပြည်တော် ၊ ၁၂-၁၀-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော် စစ်ကြောင်းများက ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်၌ မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာ ၏အရှေ့ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ တပ်မတော် စစ်ကြောင်းမှ ရောက်ရှိ ရှင်းလင်းစဉ် တောင်ကုန်းပေါ် တွင် အသင့်နေရာယူ ထားသော အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အင်အား ၃ဝ ဦးခန့်က လက်နက်ငယ်များ၊ စက်လတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်နေစဉ် အတွင်း တပ်မတော် စစ်ကြောင်း နေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့ မှ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အင်အား ၃ဝဝ ဦးခန့်က လက်နက်ငယ်များ၊ ဓားနှင့်တုတ်များ ကိုင်ဆောင်၍ ညာသံများ ပေးကာ ထပ်မံတိုက်ခိုက် လာသဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ သည် အနောက်ဘက် သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ထံမှ အလောင်း တစ်လောင်း၊ သေနတ်နှစ်လက် နှင့် ကျည်အိမ်နှစ်ခု တို့အား သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော် ဘက်မှ သေနတ်နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး စစ်သည် လေးဦး နိုင်ငံတော် အတွက် အသက်ပေး စွန့်လွှတ်ခဲ့ ရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာ နေရာ အနီးတစ်ဝိုက်နှင့် ပတ်ဝန်းကျင် ကျေးရွာများအား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger