www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 12, 2016

တပ်မတော်စစ်ကြောင်းများက မောင်တောမြို့နယ် ကျေးရွာများအတွင်း ၀င်ရောက် ရှင်းလင်းစဉ် အကြမ်းဖက် ၀င်ရောက်စီးနင်းသူများ အနက်မှ ၄ ဦး ဖမ်းဆီးရမိ


အစ္စပန် (ဘ) ဆော်ဒူလာမီ နှင့် ကျေးရွာတာဝန်ခံ အဘူကာလမ် (ဘ) အဒူဘော်ရှော

နေပြည်တော် ၊ ၁၂-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် တို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မောင်တောမြို့နယ် ကျေးရွာများ အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ဝင်ရောက် ခိုအောင်း နေထိုင်လျက် ရှိသည်ဟု ဆက်စပ် သတင်းများ အရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ရှင်းလင်း ဆောင်ရွက်ရာတွင် အောက်တိုဘာ ၉ ရက် ည ၈ နာရီခွဲခန့်တွင် ငါးခူရကျေးရွာ မှ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သူများ ဖြစ်သည့် အန်ဒရာမူလာကိန်း နှင့် မော်လဝီဖော်ဒီ တာလောင်တို့ နှစ်ဦးကို ဖမ်းဆီးရမိ ခဲ့သည်။

ထို့ပြင် တပ်မတော် စစ်ကြောင်းများက သတင်းအရ အောက်တိုဘာ ၁ဝ ရက် နံနက် ၉ နာရီခန့်တွင် တောင်ပိုင်ညာ ကျေးရွာအား ဝင်ရောက် ရှင်းလင်းခဲ့ရာ နေအိမ်များ အနီးပတ်ဝန်းကျင် တစ်ဝိုက်မှ ရွာသားရှစ်ဦး ခန့်က ဓား၊ တုတ် များဖြင့် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာ မှုကြောင့် ပြန်လည်ပစ်ခတ် ရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အလောင်း ခုနစ်လောင်းနှင့် ၄င်းတို့ ကိုင်ဆောင် တိုက်ခိုက်ခဲ့သော ဓား၊၊ တုတ်များအား သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ မောင်နှမအလယ် ကျေးရွာအတွင်း ကျီးကန်းပြင် စခန်းဌာနချုပ် လက်နက်တိုက်များ ဖောက်ထွင်း ရာတွင် အဓိကပါဝင်သူ နှစ်ဦး ပုန်းခို နေထိုင်လျက် ရှိကြောင်းနှင့် လက်နက်များ သိုဝှက်ထားကြောင်း မြေပြင်ဆက်စပ် ဖော်ထုတ် သတင်းများ အရ တပ်မတော် စစ်ကြောင်းများက အောက်တိုဘာ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် ဝင်ရောက် ရှင်းလင်းရာ ဝဲဘက် ခြေထောက်တွင် ဒဏ်ရာများ ရရှိထားသည့် အစ္စပန်နှင့် ကျေးရွာ တာဝန်ခံ အဘူကာလမ် တို့ နှစ်ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။ စစ်ဆေး မေးမြန်းချက်များ အရ ၄င်းတို့နှစ်ဦးမှာ ကျီးကန်းပြင် စခန်းအား အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များ၌ ပါဝင်ခဲ့သူများ ဖမ်းဆီးနိုင်ရေးနှင့် လက်နက်များ သိုဝှက်ထားသည့် နေရာများကို ဖော်ထုတ်နိုင်ရေး ဖမ်းဆီးရမိသူ အကြမ်းဖက်သမား လေးဦးအား အသေးစိတ် ဆက်လက် စစ်ဆေး မေးမြန်းလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger