www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 5, 2016

သီလ၀ါအထူးစီးပွားရေးဇုန် ၌ အကောင်အထည်ဖော်လျက် ရှိသော ဓာတ်မြေသြဇာစက်ရုံ ၂၀၁၇ ခုနှစ်တွင် စတင်လည်ပတ်မည် ဟု ခန့်မှန်းထား



ရန်ကုန် ၊ ၅-၁၀-၂၀၁၆

သီလဝါ အထူးစီးပွားရေးဇုန် အတွင်း အကောင်အထည် ဖော်လျက်ရှိသော ဓာတ်မြေသြဇာ စက်ရုံကို ၂ဝ၁၇ ခုနှစ်တွင် စတင်လည်ပတ် နိုင်ရန် ခန့်မှန်းထားပြီး ပြည်တွင်းရှိ လယ်ယာကဏ္ဍ ၌ လိုအပ်နေသော ဓာတ်မြေသြဇာများ ဖူလုံစေရေး အတွက် ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း လီမီတက် (MAPCO) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာ့လယ်ယာ ကဏ္ဍတွင် လိုအပ်နေသော ဓာတ်မြေသြဇာ များကို ပြည်တွင်း၌ လုံလောက်စွာ မထုတ်လုပ် နိုင်ခြင်းကြောင့် တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းနေ ရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ အရည်အသွေးမြင့် ဓာတ်မြေသြဇာ များထက် လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး ပြည်ပမှ တင်သွင်း နေရသောကြောင့် စရိတ်ကြီးမြင့် ခြင်းများကိုလည်း လျော့နည်း စေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စက်ရုံလည်ပတ် နိုင်ရေး ဆောင်ရွက်နေပြီး ၂ဝ၁၇ ခုနှစ် စတင်လည်ပတ် ချိန်တွင် တစ်နှစ်လျှင် ဓာတ်မြေသြဇာ တန်ချိန် တစ်သိန်းဝန်းကျင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ဓာတ်မြေသြဇာ စက်ရုံကို ဂျပန်နိုင်ငံမှ Mitsui ၊ ဂျာမနီနိုင်ငံမှ Behn Meyer ကုမ္ပဏီတို့နှင့် မြန်မာ နိုင်ငံမှ မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) တို့ ပူးပေါင်း၍ Agri First Company အမည်ဖြင့် ဖက်စပ်ကုမ္ပဏီ တည်ထောင်ကာ တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဂျပန်နှင့်ဂျာမနီ ကုမ္ပဏီများသည် ထိုင်း၊  အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံ တို့၌ ဓာတ်မြေသြဇာ စက်ရုံများ တည်ဆောက် ထားကြောင်း သိရသည်။

ထိုစက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံ ထားခြင်းဖြစ်ပြီး မြန်မာ့လယ်ယာ ကဏ္ဍတွင် လိုအပ်လျက် ရှိသော ဓာတ်မြေသြဇာ များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန် အတွင်း ဓာတ်မြေသြဇာ စက်ရုံ တည်ထောင်ရန် ဂျပန် ၊ ဂျာမနီ ကုမ္ပဏီ များနှင့် သဘောတူညီချက် များကို ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရရှိခဲ့ပြီး လက်ရှိတွင် အကောင်အထည်ဖော် နေကြောင်း သိရသည်။

မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) အနေဖြင့် ဆန်စပါးထုတ်လုပ်မှု လုပ်ငန်းနှင့် စက်မှုလယ်ယာ လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပြီး တောင်သူ လယ်သမားများ အတွက် လိုအပ်သော သွင်းအားစု လုပ်ငန်းများကို ပြည်တွင်း၌ အကောင် အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger