www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 5, 2016

ရုရှားနှင့် ဆီးရီးယားအရေး ဆွေးနွေးမှု အဆက်အသွယ်ဖြတ်လိုက်သည့် အမေရိကန်


Aleppo has come under heavy aerial bombardment since the end of a ceasefire a week ago


( ရှိန်းထက် )

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး လမ်းကြောင်း ပေါ်သို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိနိုင်ရေး ကြိုးစားနေစဉ် မှာပင် ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရသည်။ ပြည်တွင်းစစ်ပွဲ၏ ဦးဆောင်သူ နှစ်နိုင်ငံတို့ ဆွေးနွေးမှု ဖြတ်တောက် လိုက်ခြင်း ကလည်း အပစ်အခတ် ရပ်စဲရေး၏ နောက်ထပ် ခြေတစ်လှမ်းကို ရပ်တန့်ပစ် လိုက်ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁ဝ ရက်က ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်စီးသွားပြီး နောက်ပိုင်းမှ စ၍ ဆီးရီးယား ပြည်တွင်းစစ်ပွဲ သည် နှစ်ဆခန့် ပိုမိုဆိုးရွား လာခဲ့သည်။ အာဆတ် အစိုးရက လေကြောင်းရော မြေပြင်မှာပါ ထိုးစစ်များကို အလုံးအရင်းဖြင့် ပြုလုပ် လာသည်။ ရုရှားတို့က လေကြောင်း အင်အားကို နှစ်ဆသုံးပြီး သူပုန်တို့ အခိုင်အမာ ခြေကုပ်ယူ ထားသော အလက်ပိုကို ဗုံးကြဲ တိုက်ခိုက်သည်။

ရုရှားတို့သည် ဆေးရုံများကိုပင် အလွတ်မပေးဘဲ ဗုံးကြဲခဲ့ သောကြောင့် ဆေးရုံဝန်ထမ်း များပင် သေဆုံးခဲ့ ရသည်။ ထို့ပြင် ထိုးစစ်ကို အရှိန်မြှင့်ရန် ရုရှားလေယာဉ်တင် သင်္ဘောကလည်း ဆီးရီးယားသို့ ဦးတည်နေပြန် သည်။ အမေရိကန် ကျောထောက် နောက်ခံပြု ထားသည့် သူပုန်တို့အတွက် အခြေအနေ မလှသည့် ပြည်တွင်းစစ် တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။ အာဆတ် ပြောထားသည့်အတိုင်း ဆီးရီးယား တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက် နိုင်ရန် ရုရှားတို့ အကူအညီ ပေးတော့မည့် အရိပ်အယောင် များလည်း ဖြစ်သည်။

ရုရှားတို့က လေကြောင်း အင်အားအပြင် ရုပ်သိမ်းပြီးသား မြေပြင်တပ်ဖွဲ့ များကိုလည်း ဆီးရီးယားသို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်နေသည်။ ရုရှားတို့ ဆီးရီးယား သို့ စဝင်လာစဉ်က မြေပြင်စစ်သည် အင်အား တစ်သိန်းကျော်ကို ဆီးရီးယားသို့ စေလွှတ်ခဲ့ပြီး ဂျက် တိုက်လေယာဉ် အစင်း ၃ဝ ကျော်နှင့် ထိုးစစ်ဆင် ခဲ့သည်။ ခြောက်လ အကြာတွင် အဆိုပါ အင်အားများကို ပြန်လည် ရုပ်သိမ်းသွား ခဲ့သည်။

ယခု ယင်းကဲ့သို့ ရုပ်သိမ်းခဲ့ပြီး ဖြစ်သော အင်အားများကို ပြန်လည် ချထားပေးရန် ရုရှားသမ္မတ ပူတင်က စဉ်းစားလျက် ရှိသည်။ ရုရှားတို့သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်စီးပြီး နောက်ပိုင်း ကူညီ ထောက်ပံ့ရေး ရိက္ခာ ယာဉ်တန်းများ၊ အရပ်သား များနှင့် ဆေးရုံများ ကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာသည်။ ထို့သို့ ဆီးရီးယား၌ ရုရှားတို့ အရှက်မဲ့သော အပြုအမူများကို လုပ်ဆောင် နေသောကြောင့် ဆီးရီးယား အရေး စေ့စပ်ဆွေးနွေးပွဲ များကို ရပ်တန့် လိုက်ပြီဟု အမေရိကန်က အောက်တိုဘာ ၃ ရက်တွင် ကြေညာ ခဲ့သည်။ အပစ်အခတ် ရပ်စဲရေးသည် အမေရိကန်တို့ အလက်ပိုကို လေကြောင်း ထိုးစစ်ကြောင့် စတင်ပြီး ပျက်စီး ခဲ့ရသည်ဟု ရုရှားတို့ကလည်း ဝေဖန်ပြစ်တင် ခဲ့ကြသည်။

အမေရိကန်တို့ ဗုံးကြဲသောကြောင့် သူတို့ပြန်လည် ဗုံးကြဲရခြင်ြး ဖစ်သည်။ ထို့ကြောင့် အပစ်အခတ် ရပ်စဲရေးကို စတင်သူမှာ သူတို့မဟုတ်၊ အမေရိကန်သာ ဖြစ်သည်ဟု ရုရှားတို့က တုံ့ပြန်ထားပြီး ဆီးရီးယား အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများကို ရပ်လိုက်ပြီ ဟု အမေရိကန်၏ ကြေညာချက် အတွက် ဆီးရီးယားတို့ ဝမ်းနည်း ရသည်ဟု ရုရှားက ဆိုထား သေးသည်။ ထို့ကြောင့် ငါးနှစ်ကြာပြီ ဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ် သည် ပြီးဆုံးရန် လမ်းစရှာမရ ဖြစ်နေပြန်သည်။ ရရှိခဲ့သော လမ်းစကလည်း ပျောက်သွား ပြန်သည်။ ဆီးရီးယားကို ကုလသမဂ္ဂ က စစ်ရေးအရ ဝင်ရောက် ဖြေရှင်းပေးရန် အာရပ် ပင်လယ်ကွေ့ နိုင်ငံများက တောင်းဆို ထားသည်။ 

ယခုအတိုင်း ဆိုလျှင် ဆီးရီးယားအရေး သည် ပိုဆိုးလာမည် ဖြစ်သည်။ ထို့ပြင် ရုရှား အကူအညီဖြင့် အာဆတ်သည် သူပုန်တို့ကို အပြတ်တိုက်ပြီး ဆီးရီးယား ကိုပြန်လည် အုပ်စိုးရန် ရာခိုင်နှုန်း ပိုများလျက် ရှိသည်။ ထိုအခါ အာရပ် ပင်လယ်ကွေ့ နိုင်ငံများသည် အမေရိကန်၏ မဟာမိတ် နိုင်ငံများ ဖြစ်သောကြောင့် ရုရှားကို ထို ဒေသသို့ ဝင်ရောက် စိုးမိုးမှု မခံလိုကြပေ။ ထို့ကြောင့် ကုလသမဂ္ဂကို ကြားဝင်စေလိုခြင်း ဖြစ်သည်။

ယခု ဆီးရီးယားကို အကြောင်းပြုပြီး အမေရိကန်နှင့် ရုရှား ဆက်ဆံရေး တင်းမာမှုသည် တစ်ဆင့်တက် သွားခဲ့ပြီး ရုရှားက အစီအစဉ်များ အတိုင်း ဖျက်ဆီးပစ် ရမည့် ပလူတိုနီယမ် များကို မဖျက်ဆီးဘဲ ဆက်လက် ထားရှိရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ နျူကလီးယား ထိန်းချုပ်ရေး ကြိုးပမ်းခဲ့သည့် ရည်ရွယ်ချက် လမ်းစဉ်ပင် လမ်းလွဲသွား ရန် အရိပ်အယောင်များ ပြလျက် ရှိသည်။ ပလူတိုနီယမ် များသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် အဆင့် အနည်းငယ်သာ ဖြတ်ကျော်ရန် လိုအပ်သော ပစ္စည်းများ ဖြစ်သည်။ ထိုအရာများကို ဖျက်ဆီးရန် စီမံကိန်းသည် နျူကလီးယား လက်နက်များ ကမ္ဘာကြီးပေါ်တွင် ဆက်လက် မပြန့်ပွားစေရန် ထိန်းချုပ်သည့် အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ယခုရုရှားက ပလူတိုနီယမ် များကို ဖျက်ဆီးရန် ရပ်တန့် ထားလိုက်ပြီ ဖြစ်သည်။

အမေရိကန် တို့သည် ရုရှားကို စစ်ရေးအရ ခြိမ်းခြောက် လာမှုများ၊ တဖြည်းဖြည်း မြင့်တက်လာသော တင်းမာမှုများနှင့် ရုရှားအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို လုံးဝ ပပျောက်အောင် လုပ်ပေးမှသာ ပလူတိုနီယမ်များ ဖျက်ဆီးမှုကို ပြန်လည် စတင်မည်ဟု ရုရှားက အမေရိကန် တို့ကို တရားဝင် ထုတ်ဖော်ပြော ကြားခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်း နှင့် ဆီးရီးယား ကြောင့် ဆက်ဆံရေး ပြတ်တောက်ပြီး တင်းမာမှု နောက်တစ်ဆင့် မြင့်တက် ခဲ့ခြင်းသည် ဥရောပနိုင်ငံရေး နှင့် စစ်ရေး လမ်းကြောင်းကိုပင် ပြောင်းလဲ သွားစေရန် လုပ်ဆောင်နိုင်စွမ်း ရှိနေသည်။

ရုရှားတို့သည် စစ်အသုံးစရိတ် ကို ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တို့တွင် ခရိုင်းမီးယားနှင့် ဆီးရီးယား ပြည်တွင်းစစ် ဝင်ရောက် စွက်ဖက်မှုများ ကြောင့် ၂ ရာခိုင်နှုန်းကျော် လျှော့ချခဲ့ ရသည်ဟု ထုတ်ဖော် ပြောဆိုထား သော်လည်း တကယ်တမ်း စစ်အသုံးစရိတ် များသည် ဆီးရီးယားတွင် ပိုမိုတိုးမြှင့်လျက် ရှိသည်။

အမေရိကန်၏ တရားဝင် စစ်အသုံးစရိတ် သည် ၅ဝဝ ဘီလီယံကျော် ဟု ဖော်ပြထား သော်လည်း တကယ်တမ်း စစ်အသုံးစရိတ် မှာ ၁ ထရီလီယံ နီးပါးအထိ ရှိခဲ့ခြင်းသည် နောက်ကွယ်က စစ်အသုံးစရိတ် လျှို့ဝှက်ချက် များပင် ဖြစ်သည်။ စတော့ဟုမ်း နိုင်ငံတကာ စစ်ရေး လေ့လာရေး သုတေသန ဌာနက ၂ဝ၁၇ ခုနှစ်တွင် ရုရှား၏ စစ်အသုံးစရိတ် သည် ဘီလီယံ ၈ဝ ကျော်အထိ တရားဝင် ရောက်ရှိနိုင်သည် ဟုဆိုထားပြီး ဆော်ဒီအာရေဗျ ၏ စစ်အသုံး စရိတ်ကိုပင် ကျော်တက်ရန် ရှိနေသည်။ ကမ္ဘာ့ ပထမတန်းစား စစ်တပ်တစ်ခု ဖွဲ့စည်းရန် နိုင်ငံ၏ GDP ၆ ရာခိုင်နှုန်း အသုံးပြုမှ သာလျှင် ဖြစ်နိုင်မည်။ ရုရှားတို့၏ စစ်အသုံးစရိတ် သည် ရေနံဈေး ကျဆင်းမှုကြောင့် ထိုးနှက်ချက်  ဖြစ်ခဲ့သော်လည်း GDP ၃ ရာခိုင်နှုန်း ကျော်အထိ အသုံးပြုရန် ရုရှားတို့ စဉ်းစားလျက် ရှိသည်။

ဥရောပတွင် နေတိုးနှင့် အမေရိကန်တို့၏ စစ်ရေး ခြိမ်းခြောက်မှု များနှင့် ပင်လယ်နက်ကို ထိန်းသိမ်းရေး သည် ရုရှားတို့အတွက် အဓိကကျသည့် အရာများ ဖြစ်သည်။ ထို့ကြောင့် ထိုအန္တရာယ် များကို ကြိုတင် ကာကွယ်ရန် ရုရှားတို့ စစ်အသုံးစရိတ် ကို ရေနံဈေး ကျဆင်းနေသည့် ကြားကပင် တိုးမြှင့်နေခြင်း ဖြစ်သည်။ ရုရှားတို့၏ စစ်အသုံးစရိတ် သည် စက်တင်ဘာ ၃ဝ ရက်က ဆီးရီးယားကို စတင်ဝင်ရောက် စဉ်ကပင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံနီးပါး ရှိသွားပြီ ဖြစ်သည်။

ထိုအချိန်က စစ်အသုံးစရိတ် သည် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ သုံးသန်း ဖြစ်သည်။ ယခု ထိုအသုံးစရိတ် အတိုင်း ရုရှားတို့ သုံးစွဲရန် စဉ်းစားနေပြီး အမေရိကန်က သူနှင့် ဆွေးနွေးပွဲ ဖြတ်တောက်လိုက်ပြီ ဖြစ်သောကြောင့် ဆီးရီးယားကို အာဆတ် ၉ဝ ရာခိုင်နှုန်း ပိုင်ဆိုင် သင့်သည်ဟု ဆိုထားသော ရုရှားတို့ အတွက် ပြန်လည် သိမ်းပိုက်ရန် အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဆီးရီးယား ပြည်တွင်းစစ် သည် ရုရှားတို့၏ စစ်အင်အား အလုံးအရင်းနှင့် ကုလသမဂ္ဂ အဖွဲ့ သို့မဟုတ် စစ်အင်အား အလုံးအရင်းနှင့် အမေရိကန် တို့ကြားတွင် ဝင်ရောက်ခဲ့ခြင်း မရှိပါက အာဆတ်၏ အာဏာတစ်ဖန် ပြန်လည် အသက်ဝင် လာနိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger