www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 2, 2016

တက္ကသိုလ် လေ့ကျင့်ရေးတပ် မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ကျောင်းသူများ စခန်းချလေ့ကျင့်ရေး သင်တန်းဖွင့်ပွဲများ ကျင်းပ


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် 
တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ ကျောင်းသူ များ 
စခန်းချလေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၂-၁၀-၂၀၁၆

နိုင်ငံတော် ကာကွယ်ရေး အတွက် လေ့ကျင့်သား ပြည့်ဝသည့် ကာကွယ်ရေး အရန် အင်အားစုအဖြစ် တည်ဆောက်ရန် အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ၏ တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချ လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း မြို့နယ်များရှိ နယ်မြေခံ သင်တန်းကျောင်း များတွင် အသီးသီးကျင်းပ ပြုလုပ်ကြသည်။

သင်တန်းဖွင့်ပွဲ များသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများ နှင့် တပ်မတော် အရာရှိကြီးများ၊ သင်တန်း နည်းပြများနှင့် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ
တက်ရောက် ကြသည်။

ယခုနှစ်တွင် ထူးခြားမှု အနေဖြင့် အမျိုးသမီး တပ်ဖွဲ့ဝင် ဆရာမ ၁၆ ဦး၊ ကျောင်းသူ ၇၁၈ ဦး ဆန္ဒပြု တက်ရောက်ခဲ့ပြီး ယခင် က ဖွင့်လှစ်ခဲ့သည့် စခန်းချ သင်တန်းများတွင် အမျိုးသားများသာ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းများအား ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှ စ၍ နှစ်စဉ်ပြန်လည် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကာ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တွင် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာများနှင့် ကျောင်းသားများ စုစုပေါင်း ၅၇၉ ဦးတက်ရောက် ခဲ့ပြီး ယခု ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၄၁၁ ဦး တက်ရောက်မည် ဖြစ်သဖြင့် ယခင်နှစ်ထက် တပ်ဖွဲ့ဝင် အင်အား ၈၃၂ ဦး တိုးတက်လာ သောကြောင့် နိုင်ငံတော် ကာကွယ်ရေး နှင့်ပတ်သက်၍ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ တိုးတက်လာကြောင်း သိရှိရပြီး ၄င်းသင်တန်းအား အောက်တိုဘာ ၃ဝ ရက်အထိ ရက်သတ္တပတ် ငါးပတ်ကြာ လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger