www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 11, 2016

ရခိုင်ပြည်နယ် အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်များအနက် ပျောက်ဆုံးရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် လက်နက်တစ်လက် ပြန်လည်တွေ့ရှိ


နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင် မြို့နယ်တို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်း သုံးခုကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များ အနက် ပျောက်ဆုံးခဲ့သော ရဲတပ်သား တစ်ဦးနှင့် လက်နက်တစ်လက် တို့ကို သီးခြားစီ ပြန်လည်တွေ့ရှိ ခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ အပေါ် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းစဉ် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ငါးခူရနယ်မြေ ရဲစခန်းနှင့် လိုင်းခန်းများ အား အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံ ရစဉ် လုံခြုံရေးတာဝန် ထမ်းဆောင်ရာမှ ပျောက်ဆုံးခဲ့သော ရဲတပ်သား ကိုထိုက် အား ငါးခူရ ရဲစခန်း အနောက်ဘက် ၂ မိုင်ခန့်ရှိ ဓနိတော အတွင်းမှ ဒဏ်ရာရရှိမှု မရှိဘဲ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက ၄င်းစခန်း၏ ဗဟိုကင်း တစ်ဝိုက်ရှိ ချုံများအတွင်း ရှာဖွေရှင်းလင်းစဉ် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ဗဟိုကင်းမှ ပျောက်ဆုံးခဲ့သော M-22 သေနတ် တစ်လက်ကို ပြန်လည်တွေ့ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger