www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

ချင်းတောင်တန်းပေါ်၌ အမဲလိုက်မှုကြောင့် တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းလုနီးပါးဖြစ်



တီးတိန် ၊ ၂၆-၁၀-၂၀၁၆

ပြီးခဲ့သည့် နှစ်နှစ်ခန့်မှစ၍ ချင်းတောင်တန်း များ၌ အမဲလိုက်မှုများ များပြားလာခဲ့ ခြင်းကြောင့် ယခုအခါ တောရိုင်း တိရစ္ဆာန်များ မျိုးသုဉ်း ပျောက်ကွယ်လု နီးပါးဖြစ်နေကြောင်း တီးတိန်မြို့နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

'' ဒီနှစ်နှစ်လောက် အတွင်းမှာ ဒေသခံတွေက အမဲလိုက်တာ များလာတယ်။ ဒေသခံ မဟုတ်တဲ့ အမဲလိုက်သမား တွေကလည်း ချင်းပြည်နယ်ကို လာပြီး အမဲပစ်ကြတော့ အခုချိန်မှာ တောရိုင်း တိရစ္ဆာ န်တွေ ရှားပါးသွားတာပါ။ ချင်းတောင်တန်း ပေါ်မှာ ကျက်စားနေတဲ့ တောရိုင်း တိရစ္ဆာန်တွေ သတ်ဖြတ်ခံ ရတော့ ဒီတောင်တန်းကြီးရဲ့ သဘာဝ အလှအပတွေ ပျက်စီးကုန်သလို ရှားပါးတဲ့ အဖိုးတန် တိရစ္ဆာ န်တွေ မျိုးသုဉ်းကုန်မှာ စိုးရိမ်ရပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ တောရိုင်း တိရစ္ဆာန်များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ၊ အရေခွံများနှင့် ဦးချိုများကို ဈေးကောင်းပေး ဝယ်ယူသည့် ကုန်သည်များကြောင့် တောပစ် မုဆိုးများမှာ စီးပွားဖြစ် အမဲလိုက်မှုများ ရှိနေသည်။

ထို့ကြောင့် ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှ စ၍ အမဲလိုက်သူ ပိုမိုများပြား  လာပြီး ယင်းတောင်တန်း ပေါ်၌ တောရိုင်း တိရစ္ဆာန်များ ရှားပါး လာရခြင်း ဖြစ်သည်။

မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် တောရိုင်း တိရစ္ဆာန်များမှာ တောင်ဆိတ်၊ ကျား၊ ကျားသစ်နှင့် ၀က်ဝံ စသည့်တိရစ္ဆာန်များ ဖြစ်ပြီး လက်ရှိတွင် ယင်း တောင်တန်းပေါ်၌ သင်းခွေချပ်၊ တောကြောင်၊ ဆတ်၊ ချေနှင့် ယုန်စသည့် တိရစ္ဆာ န်များသာ ကျန်ရှိတော့ကြောင်း သိရသည်။

တောရိုင်း တိရစ္ဆာ န်များ အမဲလိုက်ခြင်း နှင့် မျိုးသုဉ်းမည့် အန္တရာယ် ရှိသော တိရစ္ဆာန် များကို ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း သွားလာရ ခက်ခဲသည့် ချင်းတောင်တန်း ပေါ်၌ ဥပဒေမဲ့ အမဲလိုက်မှုများ ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger