www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 12, 2016

ရန်ကုန်မြို့၏ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည့် မိုးပျံပူဖောင်းစီမံကိန်း လုပ်ဆောင်ရန်ခွင့်ပြု


ရန်ကုန် ၊ ၁၂-၁၀-၂၀၁၆

ရန်ကုန်မြို့ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည့် မိုးပျံပူဖောင်း စီမံကိန်း Hydrogen Balloon လုပ်ဆောင်ရန် လျှောက်ထားမှုကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင်များ အစည်းအဝေး က ခွင့်ပြု လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်း များဌာနမှ သိရသည်။

ကန်တော်ကြီး ဧရိယာ အတွင်းရှိ ယခင် ငါးပြတိုက်ဟောင်း နေရာ၌ ရန်ကုန်မြို့ မြင်ကွင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် မိုးပျံပူဖောင်း စီမံကိန်းကို လုပ်ဆောင်လို ကြောင်း တင်ပြ လျှောက်ထားသောMyanmar Voyages International Tourism Co.,Ltd. အား လုပ်ကိုင်ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီက ပုဂံတွင် လက်ရှိ ၀န်ဆောင်မှု ပေးနေသည့် ပုံစံအတိုင်း လုပ်ကိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံသို့ တင်ပြလာသည့် အတွက် ယင်းကိစ္စ ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင်များ အစည်းအဝေး (EC) သို့ တင်ပြခဲ့ရာ EC က ခွင့်ပြုခဲ့ကြောင်း သိရသည်။

'' ခွင့်ပြုဖို့ EC ကို တင်ပြပြီးပါပြီ ၊ EC မှာ မူဝါဒအရတော့ ခွင့်ပြုပြီးပြီ ဖြစ်ပါတယ်။ စာချုပ်တော့ မချုပ်ရသေး ပါဘူး။ စာချုပ်ချုပ်ဖို့ ညှိနှိုင်းတာတွေ လုပ်ပါမယ် " ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မိုးပျံပူဖောင်း စီမံကိန်းအား မြေငှားရမ်းခ မည်သည့် နှုန်းထားများဖြင့် ခွင့်ပြုမည်ကို ပြန်လည် ညှိနှိုင်းကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ညွှန်ကြားချက် ခံယူရမည် ဖြစ်သည်။

ငါးပြတိုက်ဟောင်း နေရာ၏ မြေဧရိယာ အကျယ်အဝန်း ပေ ၂ဝဝ ပတ်လည် ပေါ်၌ လုပ်ကိုင်လိုခြင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ ရန်ကုန်မြို့၏ မြင်ကွင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (ကျော်ကို)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger