www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

စွမ်းဆောင်မှုနှင့် တာဝန်ကျေပွန်မှုများ အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ဂုဏ်ထူးဆောင်လက်မှတ်များ ပေးအပ်ချီးမြှင့်


နေပြည်တော် ၊ ၂၆-၁၀-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် တိမ်းမှောက် နစ်မြုပ်သည့် ဖြစ်စဉ်တွင် အထူးခန်းများ အတွင်း ပိတ်မိနေသည့် ခရီးသည်များ၏ ရုပ်အလောင်း များအား သယ်ထုတ်စဉ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ ကြသည့် တပ်မတော်သား နှစ်ဦးနှင့် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင် လေးဦးတို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

ထပ်မံရရှိသည့် သတင်းများအရ အဆိုပါ ဖြစ်စဉ်တွင် ဒေသခံ ရေငုပ်သမား များဖြစ်သော ကနီမြို့နယ် အိုင်တောင် ကျေးရွာနေ ဦးရွှေဘ (ဘ) ဦးဘရှိန်၊ ဦးဇော်ဦး (ဘ) ဦးအောင်သန်း၊ ဦးဇော်လွင် (ဘ) ဦးဆန်းအောင် နှင့် မင်းအို ကျေးရွာနေ ဦးညိုအေး (ဘ) ဦးလှသောင်း တို့သည်လည်း နစ်မြုပ်ရေယာဉ် အား ဆယ်ယူရာ၌ စတင် ဆယ်ယူချိန်မှ ဆယ်ယူပြီးစီး သည့်အချိန် အထိ ရေအောက်တွင် အန္တရာယ် များကြားမှ စွန့်စွန့်စားစား ဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။

သို့ဖြစ်၍ အန္တရာယ်များ ကြားမှ စွန့်စွန့်စားစား ဖြင့် ကြိုးပမ်း ဆောင်ရွက်  ခဲ့ကြသည့် တပ်မတော်သား များဖြစ်သော တပ်သား အောင်ဆန်းဦး၊ တပ်သား ကျော်ဇေယျ၊ မီးသတ် တပ်ဖွဲ့ဝင် များဖြစ်သည့် တပ်သား မြနိုင်၊ တပ်သား တင့်လွင်ဦး၊ တပ်သား ဇော်လင်းမောင်၊ တပ်သား ဇော်ဌေးနှင့် ဒေသခံ ရေငုပ်သမား များဖြစ်သော ကနီမြို့နယ် အိုင်တောင် ကျေးရွာနေ ဦးရွှေဘ၊ ဦးဇော်ဦး၊ ဦးဇော်လွင်၊ မင်းအိုကျေးရွာနေ ဦးညိုအေး တို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်စွဲပါ ကာကွယ်ရေး ဌာနကောင်စီ အထူးအမိန့် အမှတ်စဉ် (၁၇/အထူး /၂ဝ၁၆) ဖြင့်ပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့အပြင် အမြင့်ပေ ၂၉ဝ၂၉ ရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်သို့ ၂ဝ၁၆ ခုနှစ် မေ ၁၉ ရက် နံနက် ၈ နာရီ ၁ မိနစ်တွင် အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သည့် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ်မှ တောင်တက်  အားကစား သမားနှစ်ဦး ဖြစ်သည့် ဦးပြည့်ဖြိုးအောင် နှင့် ဦးဝင်းကိုကို တို့ကိုလည်း မြန်မာနိုင်ငံ ၏ ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲပါ၊ ကာကွယ်ရေးဌာန ကောင်စီ အထူးအမိန့် အမှတ်စဉ် (၁၈/ အထူး/၂ဝ၁၆)ဖြင့် ပေးအပ်ချီးမြှင့် ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဂုဏ်ထူးဆောင် လက်မှတ် ချီးမြှင့်ခြင်းသည် ရဲဝံ့စွန့်စားမှုနှင့် တာဝန် ကျေပွန်မှုကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း ဖြစ်ပြီး ယင်း လက်မှတ်ကို တပ်မတော် စစ်မှုထမ်းများနှင့် တပ်မတော်နှင့် အတူ ပါဝင် ဆောင်ရွက်သော အရပ်သား/ အရပ်သူ များကိုလည်း ယင်းတို့၏ စွမ်းဆောင်မှုနှင့် တာဝန် ကျေပွန်မှုများ အရ ချီးမြှင့်ပေးအပ် နိုင်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger