www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 22, 2016

ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ကုသခြင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားမှု ဆက်နွယ်နေ



ဖီလာဒယ်ဖီးယား ၊ ၂၂-၉-၂၀၁၆

ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှု ခံယူခြင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားမှု ဆက်နွယ် နေကြောင်း အမေရိကန် ပြည်ထောင်စု၊ ဖီလာဒယ်ဖီးယား ပြည်နယ်၊ ဒရက်ဇယ် တက္ကသိုလ်မှ အရေပြား ပါရဂူများက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။ 

ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားသူ တိုင်းတွင် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်ကို တွေ့ ရှိရကြောင်း၊ လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ၊ အမေရိကန် ဖြစ်စေ၊ အခြား နိုင်ငံသား ဖြစ်စေ၊ မည်သူမဆို ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားသူ မှန်လျင် အရေပြားကင်ဆာ ဖြစ်နိုင်သည့် အတွက် အချိန်မီ ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း ဒရက်ဇယ် တက္ကသိုလ်မှ အရေပြား ပါရဂူ တစ်ဦး က ပြောပြသည်။ 

" ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားသူ တွေက ခန္ဓာကိုယ်ရောဂါ ခုခံနိုင်စွမ်း ပြန်ပြီး ကောင်းလာအောင် ဆေးဝါးမျိုးစုံ ကို ရေရှည် သောက်ပေးရ ပါတယ်။ အဲဒီဆေးဝါး မျိုးစုံကို နိုင်နိုင် သောက်ပေးနိုင်မှ အစားထိုး ထည့်သွင်းထားတဲ့ အင်္ဂါ အစိတ်အပိုင်းက ခန္ဓာကိုယ်နဲ့ တည့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးမျိုးစုံ သောက်သုံးနေ တဲ့ ကာလ အတောအတွင်း မှာပဲ အရေပြားကင်ဆာ တွေ ဖြစ်လာကြ တာကိုတွေ့  ရပါတယ်။ အဲဒါကြောင့် ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားတဲ့ လူနာကို ခန္ဓာတစ်ကိုယ်လုံး ဆေးစစ်တာမျိုး မကြာခဏ လုပ်ပေးရပြီး အရေပြားကင်ဆာ အစပျိုး လာတာကို မြင်တာနဲ့ တပြိုင်နက် ကုသမှုတွေကို စတင် ဆောင်ရွက်ရ ပါတယ် " ဟု ၄င်းက ပြောပြသည်။ 

" အာရှနိုင်ငံသား တွေမှာ နေရောင်နဲ့ အမြဲထိတွေ့ နေတဲ့ အရေပြားမှာ ကင်ဆာဖြစ်တာကို တွေ့ ရပါတယ်။ စပိန်လူမျိုး တွေမှာတော့ မျက်နှာအပြင် ခြေထောက် တွေမှာလည်း ကင်ဆာဖြစ်တာကို တွေ့ ရပါတယ်။ ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူသူလူနာ အများစုဟာ လူဖြူမဟုတ် သူများ ဖြစ်ကြတဲ့အတွက် အသားအရောင် ပါတဲ့ လူနာတွေမှာ အရေပြား ကင်ဆာ ဘယ်လိုနှုန်း၊ ဘယ်လိုအဆင့် တွေနဲ့  ဖြစ်ပွားလေ့ ရှိသလဲဆိုတာကို ကျွန်တော်တို့  အခုထက်ပိုပြီး သိအောင် သုတေသန ပြုလုပ်နေ ပါတယ် " ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ 

သုတေသီများသည် ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားသူ လူနာ ၄၁၃ ဦးအား လေ့လာဆန်းစစ် ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့ အနက် ၆၃ ရာခိုင်နှုန်းမှာ လူဖြူ မဟုတ်ကြောင်း၊ လူဖြူမဟုတ်သော လူနာ ၁၅ ဦးတွင် အရေပြား ကင်ဆာ ၁၉ မျိုး ဖြစ်ပွားသည်ကို တွေ့ ရကြောင်း၊ ယင်းအုပ်စုတွင် လူမည်း ၆ ဦး၊ အာရှ ၅ ဦး၊ စပိန် ၄ ဦးတို့  ပါဝင် ကြောင်း၊ လူမည်းများတွင် အရေပြား ကင်ဆာ ဖြစ်ပွားမှုမှာ အခြားသူများ တွင်ထက် ပို၍စောသည်ကို တွေ့ ရကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger