www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဘော်ဒါဆောင်များ မရှိသောကြောင့် ကျောင်းသားများ အခက်အခဲဖြစ်ပေါ်နေ


ဘားအံ ၊ ၁၅-၉-၂၀၁၆

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း တွင် ဘော်ဒါဆောင်များ မရှိသောကြောင့် စက်မှုလက်မှုနှင့် အသက်မွေးဝမ်း ပညာရပ် သင်တန်းသို့ သင်တန်း လာရောက် သင်ကြားသည့် ကျောင်းသား ကျောင်းသူများ နေရာအခက်အခဲများ ရှိနေကြောင်း သိရှိရသည်။ ရန်ကုန်မြို့ Summit Park View Hotelတွင် စက်တင်ဘာ ၁၄ ရက်က ကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း တွင် ဘော်ဒါဆောင်များ မရှိသောကြောင့် နေရာ အခက်အခဲ အား ဖြေရှင်းနိုင်ရန် ဘော်ဒါ ကျောင်းဆောင်များ လှူဒါန်းပေးရန် တောင်းဆို ထားကြောင်း သိရသည်။ 

“အဲ့ဒါကို အခုချိန်ထိတော့ မဝေခွဲရသေးဘူး။ တတ်နိုင်ရင်တော့ နိုင်ငံတော် ဘတ်ဂျတ်ကပဲ ဆောက်ဆောက်၊ NGO တွေဘက်ကပဲ လှူလှူပေါ့နော်။ ဆရာမတို့ အနေနဲ့တော့ ဘယ်သူပဲ ဆောက်ပေးပေး ကျောင်းဆောင်ရမယ် ဆိုရင် ကြိုဆိုပါတယ်။ လိုလည်း လိုချင်ပါတယ်။ ဦးစီးဌာနကိုလည်း တင်ပြထားသလို မိတ်ဖက် အဖွဲ့အစည်း တွေနဲ့လည်း ဆွေးနွေး နေပေမယ့် တိကျတဲ့ အဖြေတော့ မချမှတ်ရသေး ပါဘူး။” ဟု အစိုးရ နည်းပညာ အထက် တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခ ဒေါက်တာ ချိုယုမွန် က ပြောသည်။ 

Technical and Vocational Education and Training သင်တန်း၌ အခြေခံစက်ချုပ် နှင့် အဆင့်မြင့် စက်ချုပ် သင်တန်း၊ အခြေခံ ကွန်ပျူတာနှင့် အဆင့်မြင့် ကွန်ပျူတာ သင်တန်း၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများ ပြင်ဆင် တပ်ဆင်ခြင်း သင်တန်း၊ အိမ်တွင်းလျှပ်စစ် တက်ဆင်ခြင်း/ ပြုပြင်ထိန်း သိမ်းခြင်း သင်တန်းနှင့် ဂဟေဆက်ခြင်း အတက်ပညာ သင်တန်းတို့အား ကာလတို သင်တန်းနှင့် ကာလရှည် သင်တန်း ဖွင့်လှစ်ကာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ 

လက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)တွင် ပထမနှစ် ကျောင်းသား ကျောင်းသူပေါင်း ၂၃၄ ဦး၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူ ၅၄ ဦးတို့မှ Technical and Vocational Education and Training သင် တန်း၌ တက်ရောက် သင်ကြားလျက် ရှိကာ ကာလတို သင်တန်း တက်ရောက်မည် ဆိုပါက မူလတန်းအောင် အဆင့်သာ သင်ကြားခွင့် ရှိ၍ ကာလရှည် သင်တန်းတွင် အလယ်တန်းအောင် အဆင့်မှ စတင်ကာ တက်ရောက်နိုင် ကြောင်း သိရသည်။ ကာလတို သင်တန်းအား အသက် ၁၆ နှစ်မှ အသက် ၄၅ နှစ်အထိ တက်ရောက်နိုင်ပြီး သင်တန်းကာလ သုံးလ တက်ရောက် ရမည်ဖြစ်ကာ ကာလရှည် သင်တန်းအား အလယ်တန်း အဆင့် အောင်မြင်သူ မည်သူမဆို တက်ရောက် သင်ကြားနိုင်မည် ဖြစ်သော်လည်း သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည် ဖြစ်၍ ကာလရှည် သင်တန်း တက်ရောက်သူ များအား နိုင်ငံတော်၏ ဘတ်ဂျတ်ဖြင့် သင်တန်းသား တစ်ဦးအတွက် တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger