www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

ဂျပန်နိုင်ငံ JDS ပညာသင်ဆုအတွက် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ လျှောက်ထားရန် ဖိတ်ခေါ်


ရန်ကုန် ၊ ၁၅-၉-၂၀၁၆

ဂျပန်နိုင်ငံမှ The project for Human Resource Development Scholarship (JDS) အစီအစဉ်ဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် အတွက် Master of Business Administration (MBA) ပညာသင်ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားပြီး သတ်မှတ် ထားသော အရည်အချင်း များနှင့် ကိုက်ညီမှု ရှိသည့် လူငယ် လူရွယ်များ လျှောက်ထား နိုင်ကြောင်း သိရသည်။

ပညာသင်ဆု ပေးအပ်မည့် သင်တန်းများကို Economics/ Business Administration ၊ Master of Business Administration နှင့် Information and Communication Technology(ICT) ဟူ၍ ခွဲခြားထားပြီး မိမိ ကြိုက်နှစ်သက် ရာကို လျှောက်ထားနိုင်သည်။

ပညာသင်ဆု ရရှိသူများ အနေဖြင့် International University of Japan(IUJ) နှင့် Ritsumeikan Asia Pacific University (APU) တို့၌ တက်ရောက် သင်ယူရမည် ဖြစ်ရာ ကုန်ကျစရိတ် အလုံးစုံကို ဂျပန်နိုင်ငံ
အစိုးရမှ ကျခံပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းသို့ တက်ရောက် လိုသူများအနေဖြင့် ကိုယ်ရေး အချက်အလက် အပြည့်အစုံနှင့် CV Form ၊ UMFCCI အသင်းချုပ် သို့မဟုတ် ညီနောင် အသင်းသားများမှ အသင်းသား ဖြစ်ကြောင်း ထောက်ခံချက်၊ အသင်းဝင် ကုမ္ပဏီများမှ ဝန်ထမ်းများ ဖြစ်ပါက သက်ဆိုင်ရာ ကုမ္ပဏီ၏ ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ သုံးပုံ၊ UMFCCI အသင်းဝင်ကတ် မိတ္တူ စသည် တို့နှင့်အတူ စက်တင်ဘာ ၂၃ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) သို့ လူကိုယ်တိုင် လာရောက် လျှောက်ထား နိုင်သည်။

အသေးစိတ် အချက်အလက် များကို သိရှိလိုပါက ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဌာန ဖုန်း- ဝ၁- ၂၃၁၄၃၄၄-၉ (လိုင်းခွဲ- ၁၃၃၊ ၁၃၄)နှင့် အသင်းသားရေးရာ ဌာန ဖုန်း- ဝ၉- ၅ဝ၉၉၂၃၄ တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger