www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

(၁၅)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို ၊ အက ၊ အတီး ၊ အငြိမ့် ၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ


ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တံခွန်စိုက်ဒိုင်းဆု ရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ အား ဆုပေးအပ် ချီးမြှင့်စဉ်

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များ တိုင်းရင်းသားယိမ်းအက ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဖွဲ့က အလှဝေဆာ ရွှေမြန်မာယိမ်းဖြင့် ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၁၅-၉-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏(၁၅)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း (ရွာတော်)ရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပပြုလုပ် သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ ဗဟိုအဆင့် အကဲဖြတ် ပညာရှင်များ၊ အကြံပေး ပညာရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက် ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း မှ ပြိုင်ပွဲပြုလုပ် ကျင်းပမှုဆိုင်ရာ များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ယိမ်းအက ပြိုင်ပွဲနှင့် တိုင်းရင်းသား ယိမ်းအက ပြိုင်ပွဲများတွင် ပထမဆု ရရှိသည့်အဖွဲ့ များအား ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး က လည်းကောင်း၊ အငြိမ့်(အဖွဲ့လိုက်) ပြိုင်ပွဲနှင့် ပြဇာတ် (အဖွဲ့လိုက်) ပြိုင်ပွဲများတွင် ပထမဆု ရရှိသည့်အဖွဲ့ များအား စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့် သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ (၁၅)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ် နှင့်မျက်လှည့်ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆု ရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ ဆက်ဆံရေး တပ်ခွဲအား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တံခွန်စိုက်ဒိုင်းဆု အား ပေးအပ် ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲ အပြီး၌ ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်း ခေတ်ဟောင်း တေးအဆို ပြိုင်ပွဲတွင် ပထမဆုရရှိသူမှ ပြည်လည် ထူထောင်ရေး သီချင်းဖြင့် ဖျော်ဖြေမှု၊ အကပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အဖွဲ့မှ နှစ်ပါးသွား အကဖြင့် ဖျော်ဖြေမှု၊ အတီးပြိုင်ပွဲတွင် အထူးဆု ရရှိသည့် အဖွဲ့မှ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) ဖျော်ဖြေမှု၊ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်)တွင် ပထမဆု ရရှိသည့် အဖွဲ့၏ ဖျော်ဖြေမှု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ယိမ်းအက ပြိုင်ပွဲတွင် ပထမဆု  ရရှိသည့် အဖွဲ့မှ ကကြိုးစုံညီပျိုမဒီ ယိမ်းဖြင့် ဖျော်ဖြေမှုနှင့် တိုင်းရင်းသားယိမ်း အကပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အဖွဲ့မှ အလှဝေဆာ ရွှေမြန်မာ ယိမ်းဖြင့် ဖျော်ဖြေတင်ဆက်မှု တို့အား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် တက်ရောက် လာကြသူ များက ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များ သည် တက်ရောက် လာကြသည့် အကဲဖြတ် ပညာရှင်များနှင့် အကြံပေး ပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger