www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 3, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးချုပ်များ ကော်မတီဥက္ကဋ္ဌ General Rashad Mahmood အားဂုဏ်ပြုကြိုဆို ၊ တွေ့ဆုံဆွေးနွေး ၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးချုပ်များ ကော်မတီဥက္ကဋ္ဌ Chairman Joint Chiefs of Staff Committee-CJCSC  ဖြစ်သူ General Rashad 
Mahmood တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးချုပ်များ ကော်မတီဥက္ကဋ္ဌ Chairman Joint Chiefs of Staff Committee-CJCSC  ဖြစ်သူ General Rashad 
Mahmood တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးချုပ်များ ကော်မတီဥက္ကဋ္ဌ Chairman Joint Chiefs of Staff Committee-CJCSC  ဖြစ်သူ General Rashad 
Mahmood တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးချုပ်များ ကော်မတီဥက္ကဋ္ဌ Chairman Joint Chiefs of Staff Committee-CJCSC  ဖြစ်သူ General Rashad Mahmood အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံစဉ်

နေပြည်တော် ၊ ၃-၈-၂၀၁၆

တပ်မတော် တစ်ရပ်၏ အရည်အသွေး မြင့်မားမှုကို စစ်မြေပြင်က သက်သေပြ နေကြောင်း၊ စစ်မြေပြင် စွမ်းရည် ကောင်းမွန်ရန် အတွက် လေ့ကျင့်ကြရမည် ဖြစ်ပြီး လေ့ကျင့်ရေးမှာ များစွာ အဓိကကျ သည်ကို တပ်မတော်သား တိုင်း သိရှိကြကြောင်း၊ အလားတူ စစ်ရေး အတွေ့အကြုံ များသည်လည်း တိုင်းပြည် တည်ငြိမ်အေးချမ်း ရေးနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် များစွာ အထောက်အကူ ရစေနိုင်ကြောင်း၊ အတွေ့အကြုံ မရှိသော တပ်မတော် တစ်ရပ် အနေဖြင့် တိုင်းပြည်ကို လုံခြုံအောင် ကာကွယ်နိုင်ရန် အသင့်ဖြစ်မှုကို မှန်းဆရန် ခက်ခဲကြောင်း၊ မြန်မာ-ပါကစ္စတန် တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် အတွေ့အကြုံ ဖလှယ်ရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ Chairman Joint Chiefs of Staff Committee-CJCSC  ဖြစ်သူ General Rashad Mahmood နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ထည့်သွင်း ပြောကြားသည်။

ပါကစ္စတန်တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ General Rashad Mahmood ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ပါကစ္စတန် တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E.Mr. Ehsan Ullah Batth ၊ စစ်သံမှူး Col. Azhar Yasin ၊ ပါကစ္စတန် တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပါကစ္စတန် တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူကြပြီး ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ယင်းနောက် ပါကစ္စတန်တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် အခမ်းအနား တက်ရောက် လာကြသော နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများကို အပြန်အလှန် မိတ်ဆက်ပေး ကြသည်။ ထို့နောက် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး
နှစ်ဖက် တပ်မတော် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က နှစ်နိုင်ငံတပ်မတော် များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှု များသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်စေကြောင်း၊ ဆက်လက် ၍လည်း အဆင့်ဆင့်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ခြင်း၊ သင်တန်းများ စေလွှတ်ခြင်းများ အပြင် အားကစား အဖွဲ့များ၊ ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း တို့ဖြင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဧည့်သည်တော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌက မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံ၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ဆောင် ရွက် နေရသကဲ့သို့ ပါကစ္စတန်တပ်မတော် အနေဖြင့်လည်း တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေကြောင်း၊ သို့ဖြစ်၍ ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်း နိုင်ရန် တပ်မတော်အနေဖြင့် အင်အား တောင့်တင်းပြီး စွမ်းရည်ပြည့်ဝရန် လိုအပ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း များ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ရေး ဆိုင်ရာ၊ နည်းပညာ ဆိုင်ရာကိစ္စရပ် များတွင် ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာတိုးတက် စေနိုင်ကြောင်း ပြန်လည် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိရန် ကြိုးစားလုပ်ဆောင် နေမှု အခြေအနေ များ၊ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူပြည်သား များကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ကြည်း၊ ရေ၊ လေ ဆိုင်ရာ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး မှုနှင့် အတွေ့အကြုံ ဖလှယ်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာများ၊ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အခြား ပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပါကစ္စတန် တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ တို့သည် အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ည ၇ နာရီအချိန်တွင် ပါကစ္စတန်တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ General Rashad Mahmood အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နေပြည်တော် ရှိ Park Royal Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး၊ စစ်သံမှူး နှင့် ပါကစ္စတန် တပ်မတော်မှ အရာရှိကြီး များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ပါကစ္စတန်တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ တို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြား၍ တက်ရောက် လာကြသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ မသုံးဆောင်မီ နှင့် သုံးဆောင်နေစဉ် အတွင်း မြဝတီတေးဂီတ အဖွဲ့မှ နှစ်နိုင်ငံ တေးသီချင်းများ၊ အကပဒေသာ များဖြင့် သီဆိုကပြဖျော်ဖြေ ကြပြီး ညစာသုံးဆောင် အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြဝတီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြု ပန်းခြင်းများ အသီးသီး ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger