www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 19, 2016

မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲ(မန္တလေး) ကျင်းပမည်


မန္တလေး ၊ ၁၉-၈-၂၀၁၆

iMyanmar House .com မှ ကြီးမှူး ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရေးပြပွဲ (မန္တလေး)ကို သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ မန္တလေးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရောင်းပြပွဲတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ရောင်းရန် ၊ ငှားရန်ရှိသော အိမ်ခြံမြေများကို တစ်နေရာတည်း၌ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး တိုက်ခန်းနှင့် ကွန်ဒိုများကို အထူးလျှော့ဈေးနှုန်း များဖြင့် ရောင်းချပေး သွားမည် အပြင် အရစ်ကျ ၀ယ်ယူနိုင်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အရောင်းပြပွဲ ကာလအတွင်း ပညာရှင်များက အိမ်ခြံမြေနှင့် ပတ်သက်သည့် သိကောင်းစရာ များကို ဟောပြောသွားမည် ဖြစ်သည်။ ဟောပြောသူများ အဖြစ် ဦးကိုကိုထွေး (တော်ဝင်စင်တာ) က ပြောင်းလဲနေသော မြို့ပြဖွံ့ဖြိုးမှု ၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေ) က အိမ်ခြံမြေဈေးကွက် အလားအာ ၊ ဦးပီတာ (အောင်သမာဓိ အကျိုးဆောင်) က တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ၊ ဦးတင်မောင် ( မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုး တိုးတက်ရေး အသင်း ) က အနာဂတ် စီးပွားရေး နှင့် အိမ်ခြံမြေ ၊ ဦးဝင်းဇော် ( ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ) က Houseing Savings for Home Ownership ၊ ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း) က မျက်မှောက် မြန်မာနိုင်ငံ အိမ်ခြံမြေ အခြေအနေ ၊ အကျိုးဆောင် များ၏ အခန်းကဏ္ဍ နှင့် စိန်ခေါ်မှုများ ၊ ဦးအေးမင်း ( အောင်သမာဓိ အကျိုးဆောင်) က အိမ်ခြံမြေ လားရာ နှင့် ၂၀၁၆ အရွေ့ ၊ ဦးအေးလင်း ( Mya Nan Dar Construction ) က အိမ်ခြံမြေ လောကနှင့် ဆောက်လုပ်ရေး ၊ မစုလတ်ဖြူ ( မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ) က Protective Infrastructure in Mandalay ၊ ဦးနေမင်းသူ (iMyanmar House.com ) က စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦး ဖြစ်အောင် ဘယ်လိုလုပ်မလဲ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောကြမည် ဖြစ်သည်။

အဆိုပါ အရောင်းပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပြပွဲသို့ လာရောက်သူများအား Tablet ဖုန်း ၁၅ လုံးနှင့် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ တခြားဆုမဲပေါင်း များစွာကို ကဲစမ်းမဲ အစီအစဉ် အဖြစ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger