www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 21, 2016

C-47 အမျိုးအစား စစ်ကျန်ကုန်တင်လေယာဉ် တစ်စင်းမြန်မာနိုင်ငံ အပါအ၀င် အင်ဒိုနီးရှား မလေးရှား ထိုင်းနှင့် တရုတ်နိုင်ငံတို့၌ ဂုဏ်ပြုပျံသန်းမည်



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့၌ အသုံးပြုခဲ့သော စီ -၄၇ အမျိုးအစား စစ်ကျန် ကုန်တင်လေယာဉ်  တစ်စင်းသည် သြဂုတ်လတွင် မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း နှင့် တရုတ် နိုင်ငံတို့၌ ဂုဏ်ပြု ပျံသန်းမည် ဖြစ်ကြောင်း အမေရိကန်-မြန်မာ ချစ်ကြည်ရေး ပျံသန်းခြင်း အစီအစဉ် မှ သိရသည်။

ဒုတိယ ကမ္ဘာစစ် အတွင်းက တရုတ်နိုင်ငံ သို့ တိုက်လေယာဉ် များကို အကူအညီ ပေးခဲ့သော အမေရိကန် ကုန်တင် လေယာဉ်သည် မြန်မာနိုင်ငံ သို့ သြဂုတ် ၂ဝ ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

ယင်းစစ်ကျန် ကုန်တင်လေယာဉ် ၏ မြန်မာပြည် ခရီးစဉ်တွင် လိုက်ပါလာ သူများက ဒုတိယ ကမ္ဘာစစ် အတွင်း ပျက်စီး ပျောက်ဆုံးခဲ့သော လေယာဉ် အစင်း ၆ဝဝ အနက် ကျန်ရှိသော လေယာဉ်များကို ရှာဖွေနေသည့် မြန်မာနှင့် အမေရိကန် အဖွဲ့ဝင်များကို တွေ့ဆုံမည် ဖြစ်ပြီး သြဂုတ် ၂၁ ရက်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် သြဂုတ်လတွင် သြစတြေးလျ နိုင်ငံမှ စတင် ပျံသန်းမည် ဖြစ်ပြီး မြန်မာနှင့် တရုတ်နိုင်ငံ အကြား အမြင့်ပေ ၁၈ဝဝဝ ရှိ တောင်တန်းများ အပေါ် ဖြတ်သန်းပြီးနောက် တရုတ်နိုင်ငံ ရှိ Flying Tigers Museum Park ပြတိုက်၌ စစ်ကျန်ကုန်တင် လေယာဉ်ကို ထိန်းသိမ်း ပြသမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ တပ်မတော် (လေ)မှ အရာရှိ၊ သင်တန်းသား များနှင့် စီ -၄၇ အမျိုးအစား စစ်ကျန် ကုန်တင်လေယာဉ် တို့နှင့်အတူ ယှဉ်တွဲ ဓာတ်ပုံရိုက်ခွင့် ရရန်နှင့် အဆိုပါ ဓာတ်ပုံကို အမေရိကန် နှင့် တရုတ်နိုင်ငံ တို့ရှိ စစ်လေယာဉ် ပြတိုက်၌ ပြသထားရန် ခွင့်ပြုချက် တောင်းခံ ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger