www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Saturday, July 9, 2016
လူသေဆုံးခဲ့သည့် အတွက် လူကီးမီးယား သွေးကင်ဆာရောဂါ ကုထုံးစမ်းသပ်မှု ရပ်ဆိုင်း
ဝါရှင်တန် ၊ ၁၀-၇-၂၀၁၆
လူကီးမီးယား သွေးကင်ဆာ ရောဂါကို ကာကွယ်ကုသရန် ဆေးဝါးနှင့် ကုထုံးကို စမ်းသပ်နေဆဲ ကာလ၌ တစ်ပတ် အတွင်း လူနာနှစ်ဦး သေဆုံး သွားခဲ့သည့် အတွက် စမ်းသပ်မှုကို ချက်ခြင်းရပ်တန့် ခဲ့ရပြီး စုံစမ်းစစ်ဆေးမှု များပြုလုပ် နေကြောင်း အမေရိကန် ပြည်ထောင်စု၊ အစားအစာနှင့် ဆေးဝါး ကြီးကြပ်ရေး အဖွဲ့  FDA မှ ထုတ်ပြန် ကြေညာသည်။ 
အဆိုပါ ဆေးဝါးနှင့် ကုထုံး စမ်းသပ်မှုကို Juno Therapeutics ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရောဂါခုခံသည့် T-Cell များကို ဗီဇပြုပြင်ကာ လူကီးမီးယား ကင်ဆာဆဲလ် များကို ကုသရန် စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ Juno အနေဖြင့် ၄င်း၏ ခေတ်အမီဆုံး နည်းပညာ များကို ထုတ်လုပ် အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရသည်။ 
သို့ သော် အစမ်းသပ်ခံ လူနာများအနက် ၂ ဦးမှာ ဦးနှောက် ရောင်ယမ်းပြီး သေဆုံးသွား သည့်အတွက် FDA က Juno ၏ စမ်းသပ်မှု အ၀၀ကို ချက်ခြင်း ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး Juno ကလည်း လူကီးမီးယား ကင်ဆာရောဂါ နှင့် ဆေးဝါး အကျိုး သက်ရောက်မှု တို့ ၏ ပေါင်းစပ် သက်ရောက်အား ကြောင့် ဦးနှောက် ရောင်ယမ်းလာခြင်း ဖြစ်နိုင်ကြောင်း ၀န်ခံ ပြောကြားသည်။ 
Juno ၏ ကနဦး လေ့လာမှု များတွင် ဓာတုကုထုံးကို တစ်ကြိမ်သာ အသုံးပြုကာ ရောဂါခုခံသည့် T-cell များကို ပြန်လည်လှုံ့ ဆော် ပေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့  ဦးနှောက် ရောင်ယမ်း သေဆုံးမှု ဖြစ်ပွားခဲ့သည့် နောက် ဓာတုကုထုံးကို နှစ်ကြိမ် အသုံးပြုကာ ဆက်လက် စမ်းသပ်ရန် FDA က ခွင့်ပြုမည်ဟု မျှော်လင့်ရကြောင်း Juno မှ တာဝန်ရှိသူ များက ပြောသည်။ 
အမေရိကန်ပြည် ထောင်စုတွင် ၉ မိနစ်လျှင် လူတစ်ဦးနှုန်း သွေးကင်ဆာ ရောဂါကြောင့်  သေဆုံးနေကြောင်း၊ ထိုနှုန်းသည် တစ်နာရီလျှင် ၆ ဦးနှုန်း၊ တစ်နေ့  လျှင် ၁၆၀ ဦးနှုန်း သေဆုံးနေခြင်း ဖြစ်ကြောင်း၊ သွေးကင်ဆာ ရောဂါ လေးမျိုး ရှိကြောင်း၊ ၄င်းတို့ အနက် လူကီးမီးယား၊ လင်ဖိုမီးယား၊ မိုင်ရီလိုမီးယား ကင်ဆာရောဂါ များကြောင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ လူပေါင်း ၅၈၃၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြ၀တီနေ့စဉ်
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger