www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 11, 2016

ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ ကန်ချနာပူရီမြို့အား ညီအစ်မမြို့တော် ပြုလုပ်ရန် ထိုင်းကမ်းလှမ်း



ထားဝယ် ၊ ၁၁-၇-၂၀၁၆

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်မြို့များ ဖြစ်သည့် ထားဝယ်မြို့နှင့် ကန်ချနာပူရီမြို့ တို့အား ညီအစ်မမြို့တော် အဖြစ် ပြုလုပ်ရန် ထိုင်းနိုင်ငံဖက်မှ ကမ်းလှမ်း ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရှိရသည်။

“ထားဝယ်နဲ့ ကန်ချနာပူရီ ကို ညီအစ်မမြို့တော် လုပ်ဖို့ ထိုင်းဖက်က ကမ်းလှမ်း လာတာပါ။ အဓိကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး ပို ခိုင်မြဲအောင် မြှင့်တင်တဲ့ သဘောပါ။ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ ကုန်စည် ဖလှယ်ရေး အတွက် လုပ်ကြ တာပေါ့။” ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်း က ပြောသည်။ 

အဆိုပါကိစ္စ အတွက် ထိုင်းနိုင်ငံ ကန်ချနာပူရီခရိုင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ များသည် တိုင်းဒေသကြီ အစိုးရအဖွဲ့ ရုံးရှိ လွှတ်တော် အဆောက်အဦး အတွင်း ဇူလိုင် ၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း ဦးကျော်စွာထွန်း က ပြောသည်။ 

ထိုင်းနိုင်ငံ အနေဖြင့် ထားဝယ်ခရိုင် အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ အတွက် နည်းပညာများ ဖြန့်ဝေပေးရန် နှင့် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် လမ်းအား အဆင်မြှင့်တင် နိုင်ရေးအတွက် ချေးငွေ ထုတ်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင် ခဲ့ကြကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက် အတွင်းကလည်း ထားဝယ်မြို့အား တရုတ်နိုင်ငံမှ ကူမင်မြို့နှင့် ညီအစ်မမြို့ အဖြစ် သတ်မှတ်ရန် ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်း သိရပြီး ၂၀၁၅ ခုနှစ်အတွင်းက ထားဝယ်မြို့အား မြန်မာနိုင်ငံ တွင် နေချင်စရာ အကောင်းဆုံးမြို့ အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ပြသ ခဲ့ဖူးကြောင်း သိရသည်။ 

မြန်မာပြည် တောင်ပိုင်းမြို့တော် များဖြစ်သည့် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ များအနက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ တွင် ထိုင်းနိုင်ငံ၊ ပရာကျွတ်မြို့ နှင့် မြိတ်မြို့၊ ကော့သောင်းမြို့ နှင့် ရနောင်းမြို့ များကို ညီအစ်မ မြို့တော်များ အဖြစ် လက်မှတ်ထိုး အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger