www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

တရုတ်နိုင်ငံထုတ် ကားမှန်များ ပြည်တွင်းသို့ဝင်ရောက်မှု ယခင်နှစ်ကထက်ပိုလာ



ရန်ကုန် ၊ ၁၂-၇-၂၀၁၆

ပြည်တွင်း၌ ကားမှန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် တရုတ်နိုင်ငံမှ ပြည်တွင်းသို့ ကားမှန်များ ဝင်ရောက်မှုမှာ ယခင်နှစ်ကထက် ပိုမိုလာကြောင်း ကားမှန် ရောင်းသူများ၏ ပြောကြားချက် အရ သိရသည်။

''ပြည်တွင်းမှာ အရင်နှစ်ကထက် စာရင် ကားမှန်တွေ ပျက်စီးမှု၊ ပျောက်ရှမှုတွေ များတယ်။ ဒါကြောင့် တရုတ်နိုင်ငံ ထုတ် ကားမှန်တွေကို အရင်နှစ် ကထက် ပိုဝယ် လာကြတာပါ'' ဟု တာမွေမြို့နယ် ရှိ ကားမှန်မျိုးစုံ ဖြန့်ဖြူးရောင်းချ နေသည့် ကိုနေလင်းအောင် က ပြောသည်။

တရုတ်နိုင်ငံမှ ပြည်တွင်းသို့ ကားမှန် အများအပြား ဝင်ရောက်ရာတွင် လေကာမှန်နှင့် နောက်မှန်များ ဝင်ရောက် နေကြောင်း သိရသည်။ ပြည်တွင်းကားမှန် ဝယ်ယူသူ များက မူလက ပါလာသည့် ကားမှန်များ ကဲ့သို့ အရည်အသွေးတူ ထုတ်လုပ်ထားသည့် ကားမှန်များကို ဝယ်ယူကြခြင်း ဖြစ်သည်။

ယင်းမှန်များကို ရန်ကုန်နှင့် မန္တလေးမြို့ တို့ရှိ ကားမှန် အရောင်းဆိုင် များမှ အများ ဆုံးဝယ်ယူကြပြီး ဈေးနှုန်းများမှာ ငွေကျပ် တစ်သိန်းမှ သုံးသိန်းကြားတွင် ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ ကားမှန် အရောင်းဆိုင် များ၌ ဂျပန်နိုင်ငံထုတ် ကားမှန်များမှာ ဈေးနှုန်း မြင့်မားပြီး တင်သွင်းရာတွင် ခက်ခဲခြင်း ကြောင့် သီးသန့်မှာယူသူ များရှိမှသာ မှာယူ ရောင်းချ ပေးကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger