www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 5, 2016

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းသားသစ်များ ခေါ်ယူ




ရန်ကုန် ၊ ၅-၇-၂၀၁၆

နှစ်နိုင်ငံ ပူးပေါင်းဖွင့်လှစ် ထားသည့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း Singapore-Myanmar Vocational Training Institute(SMVTI) မှ သင်တန်းသားသစ် များ ခေါ်ယူလျက် ရှိကြောင်း သိရသည်။

ဖွင့်လှစ်မည့် သင်တန်းများမှာ နိုင်ငံတကာ အဆင့်မီ သက်မွေး ပညာရပ်များ ဖြစ်သည့် Front Office Operations, Housekeeping Operations, Restaurant Operations, Retial Operations, Electronics (Computer & Networking), Electrical Technology ( Electrical Appliances and Special Installations), Residential Air- Conditioning, Building Fixtures and Equipment, General Welding နှင့် Mechatronics (Basic Servicing) တို့ ဖြစ်ကြသည်။

လျှောက်ထားသူများ အတွက် သတ်မှတ် အရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၁၆ နှစ်နှင့် အထက် ရှိသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ရမည်။ လျှောက်လွှာနှင့် အတူ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ၊ အမှတ်စာရင်း မူရင်းနှင့် မိတ္တူ၊ ကျောင်းသားနှင့် မိဘ၏ မှတ်ပုံတင် မိတ္တူ၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ တို့နှင့်အတူ ပူးတွဲလျှောက်ထား ရမည်ဖြစ်ပြီး ပဏာမ ရွေးချယ်ခံ ရသူများမှာ လူတွေ့ဖြေဆို ရမည်ဖြစ်သည်။ လျှောက်လွှာများကို ဇူလိုင် ၁၃ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက SMVTI အမှတ် (၁၂၃) နတ်မောက်လမ်း ဗဟန်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်း သည် သက်မွေး ပညာရပ်ဆိုင်ရာ လုပ်ငန်း နယ်ပယ်များ တွင် လိုအပ်လျက် ရှိသည့် ကျွမ်းကျင် လုပ်သားများ အဖြစ် မြန်မာနိုင်ငံရှိ လူငယ်လူရွယ် များအား လေ့ကျင့်သင်ကြား ပေးနိုင်ရန်၊ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းကဏ္ဍ များ၏ အရည်အသွေး နှင့် စွမ်းဆောင်ရည်များ တိုးမြှင့်နိုင်ရန်၊ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ ဆရာ၊ ဆရာမ များအား လေ့ကျင့် သင်ကြားပေး နိုင်ရန်၊ နိုင်ငံတကာ ဈေးကွက်နှင့် ယှဉ်ပြိုင် လာနိုင်မည့် သက်မွေး ပညာရပ်ဆိုင်ရာ ကျွမ်းကျင် လုပ်သား လိုအပ်ချက်များ အား ဖြည့်ဆည်း ပေးနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ၂ဝ၁၅ ခုနှစ် တွင် စတင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းများမှာ လုပ်ငန်းခွင် အခြေအနေ အတိုင်း ဖန်တီး သင်ကြားပေးသော လက်တွေ့ ဦးစားပေး အချိန်ပြည့် သင်တန်းများ ဖြစ်ပြီး သင်တန်း တစ်ခုလျှင် သင်တန်းကာလ မှာ ခြောက်လ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger