www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 5, 2016

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ



ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ

ဒေါက်တာလွင်သန့် (ဆေး-၂)

ဆီးချို၊ သွေးချိုရောဂါ ဆိုတာ သွေးထဲမှာ သကြားဓာတ် လွန်ကဲလို့ ဆီးထဲ သကြားဓာတ် ပါလာခြင်း ဖြစ်တယ်။ လူရဲ့ခန္ဓာကိုယ် အတွင်း သကြားဓာတ်ကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ အင်ဆူလင် ဟော်မုန်း တစ်မျိုးကို ပန်ကရိယ (မုန့်ချိုအိတ်၊ သရက်ရွက်) က နေ့စဉ် ထုတ်ပေးတယ်။ အင်ဆူလင် ဟော်မုန်း ချို့တဲ့ရင်၊ ပန်ကရိယက ဘီကာဆဲလ် ပျက်စီးရင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်လာ စေပါတယ်။

သွေးအတွင်း သကြားဓာတ် အတက်အကျ ပြောင်းလဲခြင်းကြောင့် မျက်စိအမြင် ဝေဝါးကာ အတွင်းတိမ်၊ ရေတိမ် ဖြစ်စေတဲ့ အပြင် မျက်စိအတွင်းရှိ အမြင်လွှာ ထိခိုက်ပြီး အမြင်အာရုံ ဆုံးရှုံးရတတ် ပါတယ်။

ဆီးချိုရောဂါသည် တစ်ဦးသည် ခြေထောက် သွေးကြောတွေ ကျဉ်းလို့၊ သွေးစီးဆင်းမှု မမှန်လို့ အာရုံကြောတွေ ပျက်စီးကာ ခြေထောက် ထုံကျဉ်မှုက သာမန် လူတစ်ဦးထက် ခြေထောက် သွေးကြောရောဂါ ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း ပိုမိုဖြစ်ပွား နိုင်ပြီး ခြေထောက် သွေးကြောပိတ် ဖြတ်တောက်မှု ၁၅ ဆပိုတယ်။

ဆီးချိုမချရင်၊ ဆီးချိုမထိန်း နိုင်ရင် သွေးကြောထဲက အချိုဓာတ် တွေဟာ ကျောက်ကပ်ဆဲလ် တွေကိုဖြတ်ပြီး အပြင်ထွက် လာတယ်။ သွေးနဲ့ ပရိုတိန်းများပါ ဆင်းလာကာ ကျောက်ကပ် ပျက်စီးခြင်းနဲ့ ကျောက်ကပ် အလုပ်မလုပ်ခြင်း တွေ ဖြစ်လာ နိုင်တယ်။ ဆီးချိုဆေး ပုံမှန်သောက်ခြင်း၊ အစားအသောက်၊ အချို၊ အချိုမှုန့်နဲ့ ကြက်သားမှုန့် ရှောင်ခြင်းက ဆီးချိုကို ထိန်းထားပေးပြီး ကျောက်ကပ်ကို ပုံမှန် ဖြစ်စေတယ်။

ဆီးချို၊ သွေးချိုလူနာတွေ ရောဂါမထိန်း နိုင်ရင်၊ နှလုံးနဲ့ သွေးကြောတွေ အချိုဓာတ် များပြားလာရင်၊ ခန္ဓာကိုယ်က မစုပ်ယူနိုင်လို့ နှလုံးအားနည်းခြင်း၊ သွေးလှည့်ပတ်မှု မမှန်ခြင်း၊ သွေးကြောတွေ ကျဉ်းလို့ သွေးစီးဆင်းမှုမမှန်ခြင်း၊ နှလုံးသွေး လည်ပတ်မှု မမှန်ခြင်း တို့ကြောင့် နှလုံးရုတ်တရက် အတိုက်ခိုက်ခံ ရခြင်းနဲ့ နှလုံးသွေးကြော ပိတ်ရောဂါတွေ ရစေနိုင် ပါတယ်။

ဆီးချိုရောဂါသည် တွေ လုံးဝ ရှောင်ရမယ့် အစားအစာတွေ ကတော့ ထန်းလျက်၊ သကြား၊ ကြံသကာ၊ ပါဝါအချိုရည်၊ အရက်၊ ဘီယာ၊ အဆီပါဝင်တဲ့ နို့နဲ့နို့ထွက် ပစ္စည်း၊ ကြက်ဥ၊ ဘဲဥတို့ရဲ့အနှစ်တွေ၊ ခြေထောက်၊ တောင်ပံနဲ့ ဝက်ဆီ၊ ဝက်ခေါက် စားသုံးခြင်း၊ အငန်ဓာတ်များတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နဲ့ ဆား စတဲ့ အစားအစာ တွေက သွေးတိုးစေနိုင်လို့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ ဆီးချိုရောဂါသည် ဟာ အမျှင်ဓာတ်များ တဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ မချိုတဲ့ သစ်သီးတွေ စားပေးရပါမယ်။

ထမင်း၊ ပေါင်မုန့် စတဲ့ ဆန်၊ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေမှာ ကယ်လိုရီ ပါဝင်မှုများလို့ လျှော့စားရမယ်။ စားရမယ့်အတိုင်း အတာဟာ မိမိ ကိုယ်အလေးချိန် နဲ့ အလုပ်အကိုင်ပေါ် မူတည်ပြီးစားပါ။ တစ်နေ့လျှင် ငှက်ပျောသီး နှစ်လုံး၊ လိမ္မော်သီး နှစ်လုံး၊ ပန်းသီးနှစ်လုံး နဲ့ စပျစ်သီး အသေးအလုံး ၂ဝ စသဖြင့် နှစ်သက်ရာ တစ်မျိုးမျိုးကိုသာ စားသုံးသင့်တယ်။ ထမင်းနဲ့ တွဲဖက်မစား သင့်ဘဲ သရေစာအဖြစ် စားသင့်တယ်။ ထမင်း ၁၂ ဇွန်းကို ဟင်းများများ နဲ့ စားရမယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger