www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 16, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ "Eurosatory 2016 " ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှု လေ့လာ


အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ  "Eurosatory 2016 " ဖွင့်ပွဲတွင် Mr. Collet Billon မိန့်ခွန်း ပြောကြားစဉ်



နေပြည်တော် ၊ ၁၆-၆-၂၀၁၆

ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇွန် ၁၃ ရက် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် " Eurosatory 2016 " ပြပွဲသို့ ရောက်ရှိ၍ Nexter Group ကုမ္ပဏီပြခန်း A600 ပြင်ပပြကွက်အား လှည့်လည် ကြည့်ရှု လေ့လာရာ တာဝန်ရှိသူ များက ရှင်းလင်း၍ လိုက်လံ ပြသကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် Amphi Jean Teves ခန်းမ(၅)၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ "Eurosatory 2016 " ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။ ရှေးဦးစွာ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပြီး ပြင်သစ် ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian ကိုယ်စား Mr.Collet Billon က မိန့်ခွန်း ပြောကြားခဲ့ပြီး "Eurosatory 2016 " ဖွင့်ပွဲ အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။

Nexter Group ကုမ္ပဏီပြခန်း A600 ပြင်ပပြကွက်ကို တွေ့ရစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Nexter Group ကုမ္ပဏီပြခန်း A600 ပြင်ပပြကွက် ၌ ပြပွဲတာဝန်ရှိသူများ နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်စဉ်

၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် CNIM Group ကုမ္ပဏီပြခန်း၊ DCI Group ကုမ္ပဏီ ပြခန်းများအား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြသည်။ ဆက်လက်၍ Air Bus ကုမ္ပဏီပြခန်းအား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ရာ တာဝန်ရှိ သူများက ကြိုဆို ကြပြီး ပြခန်းအတွင်း ခင်းကျင်း ပြသသော ပစ္စည်းများအား ရှင်းလင်းပြသမှုကို ကြည့်ရှုလေ့လာ ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger