www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 17, 2016

ယခုနှစ် ဇန်န၀ါရီလမှ မေလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြားခရီးသွား ဧည့်သည် ၀င်ရောက်မှု ယခုနှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်လာ



၁၇-၆-၂၀၁၆

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၆ဝဝဝဝ နီးပါး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းခန့် တိုးတက် လာကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ငါးလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၅၉၄ဝ၉ ဦး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူတွင် ၁၃ဝ၈၃၉ ဦး ဝင်ရောက်ခဲ့ သဖြင့် ၂၂ ရာခိုင်နှုန်း ခန့် ဧည့်ဝင်နှုန်း မြင့်တက် လာကြောင်း သိရသည်။ 

အဆိုပါ လာရောက်သူ များတွင် တရုတ် နိုင်ငံသားများ အများဆုံး ဖြစ်ပြီး ပြင်သစ်နိုင်ငံမှ ဒုတိယ အများဆုံးနှင့် ထိုင်း၊ အမေရိကန် နှင့် ဗြိတိန်နိုင်ငံသား များလည်း လာရောက် လည်ပတ် ကြကြောင်း မန္တလေးမြို့ရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်တွင်း လေကြောင်းလိုင်း ၁၁ လိုင်းနှင့် ပြည်ပ လေကြောင်းလိုင်း ၂၈ လိုင်း ပြေးဆွဲနေပြီး မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လည်း နိုင်ငံတကာ လေကြောင်း လိုင်းများ တိုက်ရိုက် ပျံသန်းမှု ရှိ၍ ပြည်တွင်း ခရီးသွား ဧည့်သည် များထက် နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြား လာခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger