www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 17, 2016

ကုက္ကိုဝမြစ် မှ တစ်ရက်လျှင် ရေဂါလန် သန်း ၂၄၀ ရယူသုံးစွဲနိုင်ရန် မြို့တော်စည်ပင် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၁၇-၆-၂၀၁၆

ရန်ကုန်မြို့နေ ပြည်သူများ ရေလုံလောက်စွာ သုံးစွဲနိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ရန်ကုန်မြို့ အနောက်ဘက် ဘုရင့်နောင် တံတားနှင့် ၁၈ မိုင်ခန့်အကွာ၌ တည်ရှိသည့် ကုက္ကိုဝမြစ်ကို ရေအရင်းအမြစ် အဖြစ် အသုံးပြုရန် လျာထားပြီး လေ့လာမှုများကို ဂျပန် အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည်။

ရေအရင်းအမြစ် လေ့လာရာတွင် ရေငန် ဝင်ရောက်မှု အနည်းဆုံး နေရာကို လေ့လာခဲ့ပြီး တခြားသော လေ့လာ ဆန်းစစ်မှု များလည်း ပြုလုပ်ခဲ့သည်။ ထို့ပြင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ အကူအညီဖြင့် မြစ်ရေ အတိမ်အနက်ကို ဆန်းစစ်ခဲ့ပြီး စိုက်ပျိုးရေး အတွက် အသုံးပြုမည့် ပမာဏနှင့် မြစ်ကြောင်း ထိန်းသိမ်းရေး အတွက် အနည်းဆုံး ရေပမာဏကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ကောင်းကင် ဓာတ်အားလိုင်း ၁၂ ဒသမ ၅ မိုင် သွယ်တန်းခြင်းကို ဂျပန်အစိုးရ၏ ချေးငွေဖြင့် မြေပြင် အသေးစိတ် အချက်အလက်များ ကွင်းဆင်း လေ့လာကာ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် က ပြောသည်။

ကုက္ကိုဝမြစ်မှ တစ်ရက်လျှင် ရေဂါလန် သန်း ၂၄ဝ ကို သုံးစွဲနိုင်ရေး အတွက် ပထမအဆင့် အနေဖြင့် ရေဂါလန်သန်း ၆ဝ၊ ဒုတိယအဆင့် အနေဖြင့် ရေဂါလန်သန်း ၆ဝ၊ တတိယအဆင့် အနေဖြင့် ရေဂါလန်သန်း ၁၂ဝ ထုတ်ယူနိုင်ရန် စီမံကိန်းများ ရေးဆွဲလျက် ရှိသည်။

အဆိုပါ စီမံကိန်းမှ ပုဇွန်တောင်မြို့နယ် အပါအဝင် ရန်ကုန် အနောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များအား ၂ဝ၂၅ ခုနှစ်တွင် ရေအပြည့်အဝ ဖြန့်ဝေပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) ဌာနအနေဖြင့် ပြည်သူများ သောက်သုံးရေ လိုအပ်ချက် ပြည့်မီရေးအတွက် ရေလှောင်ကန်ကြီးများ ဖြစ်ကြသည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကားနှင့် ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း (ငမိုးရိပ်) ရေသန့်စင် စက်ရုံများမှ ရေပေးဝေခြင်း အပြင် တွံတေးမြို့နယ် ရန်ကုန်ပေါက် ကျေးရွာ၊ ဒဂုံ (တောင်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တို့၌ လည်း စက်ရေတွင်းများ တူးပြီး ရေရှိရန် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ရေများအား ကျန်းမာရေးနှင့် ညီညွတ်စေရန် ဆောင်ရွက်၍ ကြည်လင် သန့်ရှင်းသော ရေအဖြစ်သို့ ပြောင်းလဲကာ တစ်ရက်လျှင် ရေဂါလန် ၂ဝ၅ သန်း ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger