www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 17, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ၏ အထူးကိုယ်စားလှယ် ဖြစ်သူ အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ( အိန္ဒိယ၀န်ကြီးချုပ်ရုံး ၀န်ကြီး) တို့ တွေ့ဆုံ ဆွေးနွေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ၏ အထူးကိုယ်စားလှယ် ဖြစ်သူ အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ( အိန္ဒိယ၀န်ကြီးချုပ်ရုံး ၀န်ကြီး) H.E. Mr. Ajit Doval အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ၏ အထူးကိုယ်စားလှယ် ဖြစ်သူ အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ( အိန္ဒိယ၀န်ကြီးချုပ်ရုံး ၀န်ကြီး) H.E. Mr. Ajit Doval အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၁၇-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အိန္ဒိယသမ္မတ နိုင်ငံ ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် ဖြစ်သူ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် (အိန္ဒိယဝန်ကြီးချုပ် ရုံးဝန်ကြီး) H.E. Mr. Ajit Doval အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ ပထမသက်တမ်း ကာလမှ ဒုတိယသက်တမ်း သို့ အေးအေး ချမ်းချမ်းဖြင့် အောင်မြင်စွာ လွှဲပြောင်းခဲ့မှုနှင့် တည်ငြိမ်စွာ ဆက်လက် လုပ်ဆောင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှုဆိုင်ရာ များနှင့် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာများ အား အပြန်အလှန် အမြင်ချင်း ဖလှယ်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ၏ အထူး ကိုယ်စားလှယ် နှင့်အတူ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Dr. S. Jaishankan ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံး ယာယီ တာဝန်ခံ Mr.B.Shyam ၊ စစ်သံမှူး Col. Gaurav Sharma နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် H.E. Mr. Ajit Doval တို့သည် လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger