www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

တရုတ်နိုင်ငံမှ တင်သွင်းသည့်ပစ္စည်း ဈေးကွက်ကို မထိုးဖောက်နိုင်၍ မန္တလေးစက်မှုဇုန်မှ စက်မှုလုပ်ငန်းအချို့ ပိတ်သိမ်းရပ်နားထားရ



မန္တလေး ၊ ၁၃-၆-၂၀၁၆

မန္တလေး စက်မှုဇုန်မှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း အချို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် ပစ္စည်း ဈေးကွက်ကို ထိုးထောက်နိုင်ခြင်း မရှိသောကြောင့် စက်ရုံအချို့ ပိတ်သိမ်း ရပ်နားသည့် အခြေအနေထိ ဖြစ်နေကြောင်း မန္တလေးစက်မှုဇုန် ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

မန္တလေး စက်မှုဇုန်တွင် ယခုလက်ရှိ လုပ်ငန်း အုပ်စုများ ဖြစ်သည့် အကြီးစား စက်မှုလုပ်ငန်း အုပ်စုတွင် လုပ်ငန်းပေါင်း ၃၈၇ ခု၊ အလတ်စား စက်မှုလုပ်ငန်း ပေါင်း ၃၁၃ ခု၊ အသေးစား စက်မှုလုပ်ငန်း ပေါင်း ၅၇၂ ခု စုစုပေါင်း လုပ်ငန်း အရေအတွက် ၁၂၇၂ ခုဖြင့် လည်ပတ်လျက် ရှိသည်။ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း အချို့မှာ တရုတ်နိုင်ငံမှ တင်သွင်း လာသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုပစ္စည်း များ၏ ဈေးကွက်ကို ယှဉ်ပြိုင် ထိုးဖောက်နိုင်ခြင်း မရှိသောကြောင့် တစ်နှစ်ထက် တစ်နှစ် အသေးစား စက်မှုလုပ်ငန်း စက်ရုံအချို့မှာ ပိတ်သိမ်း ရပ်နားရသည့် အခြေအနေ ထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

မန္တလေး စက်မှုဇုန်အတွင်း ၂ဝ၁၃ ခုနှစ်က အကြီးစား စက်မှု လုပ်ငန်းပေါင်း ၄ဝ၉ ခု၊ အလတ်စား စက်မှု လုပ်ငန်းပေါင်း ၃၁၃ ခု ၊ အသေးစား စက်မှုလုပ်ငန်း ပေါင်း ၆၄၆ ခု လုပ်ငန်းအုပ်စု ပေါင်း ၁၃၆၈ ခု၊ ၂ဝ၁၄ ခုနှစ်က အကြီးစားစက်မှု လုပ်ငန်းပေါင်း ၃၈၉ ခု၊ အလတ်စား စက်မှုလုပ်ငန်း ပေါင်း ၂၈၇ ခု၊ အသေးစား စက်မှု လုပ်ငန်းပေါင်း ၆၁၁ ခု လုပ်ငန်း အုပ်စုပေါင်း ၁၂၈၇ ခု၊ ၂ဝ၁၅ ခုနှစ်က အကြီးစား စက်မှုလုပ်ငန်း ပေါင်း ၃၉၂ ခု၊  အလတ်စား စက်မှု လုပ်ငန်းပေါင်း ၃၁၂ ခု၊ အသေးစား စက်မှု လုပ်ငန်းပေါင်း ၅၇၆ ခု စက်မှုလုပ်ငန်း အုပ်စုပေါင်း ၁၂၈ဝ တို့ဖြင့် လည်ပတ်ခဲ့သည်။

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း အချို့မှာ တရုတ်နိုင်ငံမှ တရားဝင် ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ တရားမဝင် ဝင်ရောက် လာသည့် ဈေးကွက်ဖြင့် လည်းကောင်း ဝင်ရောက် လာသည့် စားသောက်ကုန် ပစ္စည်းများ၊ အဝတ်အထည် များနှင့် စက်ပစ္စည်းများ၏ ဈေးကွက်ကို ယှဉ်ပြိုင် ထိုးဖောက်နိုင်ခြင်း မရှိသောကြောင့် တစ်နှစ် ပြီးတစ်နှစ် စက်ရုံအချို့ တို့မှာ ပိတ်သိမ်း ရပ်နားရသည် ထိ ဖြစ်ပေါ် နေရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ စက်မှုဇုန်ထဲ က အသေးစား စက်ရုံတချို့ တွေက ဈေးကွက် မယှဉ်ပြိုင်နိုင်တဲ့ အနေအထား တွေကြောင့် စက်ရုံပိတ်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်ရတာပါ။ အဓိကကတော့ တရုတ်နိုင်ငံ က တင်သွင်းတဲ့ ပစ္စည်း ဈေးကွက်ကို မယှဉ်နိုင်တာပါ။ တရုတ်နိုင်ငံ က ပစ္စည်းအစုံ ဝင်နေပြီး ဈေးလဲချိုတယ်။ ဝယ်ယူသူတွေ အနေနဲ့ကလဲ တရုတ်ပစ္စည်း တွေကို အဓိကထား ဝယ်ယူနေကြတော့ ပြည်တွင်းက အသေးစား အလတ်စား စက်မှု လုပ်ငန်းတွေ အနေနဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ ပစ္စည်း ဈေးကွက်ကို ဘယ်လိုမှ ထိုးမဖောက် နိုင်ဘဲ နောက်ပိုင်းမှာ အရှုံးနဲ့ပဲ ရင်ဆိုင် နေကြရတာပါ'' ဟု မန္တလေး စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။ (၁၈၃)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger