www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

၂၀၁၆ ခုနှစ် မေလကို Lyme ရောဂါ အသိပညာပေးလအဖြစ် သတ်မှတ်ဆောင်ရွက်



နယူးယောက် ၊ ၁၀-၅-၂၀၁၆

အမေရိကန် နိုင်ငံတွင် ကပ်ပါး ဗက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပွားလေ့ ရှိသော Lyme ရောဂါ ဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ်ဦးရေ ၄၃ဝဝဝ ရှိလာ သောကြောင့် ၂ဝ၁၆ ခုနှစ် မေလကို Lyme ရောဂါအကြောင်း အသိပညာပေး လအဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဘိုရီးလီးယား ဘတ်ဒိုဖယ်ရှီ ဗက်တီးရီးယား ကူးစက်ခံ ရခြင်းကြောင့် ဖြစ်ပွားသော Lyme ရောဂါ ဝေဒနာရှင် များသည် အာရုံကြော အားနည်းသည့် ဝေဒနာကို ခံစားရလေ့ ရှိပြီး ဆင်ခြင်သုံးသပ် နိုင်စွမ်း နှေးကွေးလာခြင်း၊ ကြွက်သားများ ထိန်းမရဘဲ လှုပ်နေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အားနည်းခြင်း တို့ကို ခံစားရလေ့ ရှိကြောင်း သိရသည်။

ဘိုရီးလီးယား ဘတ်ဒိုဖယ်ရှီ ဗက်တီးရီးယား သည် ကပ်ပါးကောင် ကဲ့သို့ တွယ်ကပ်ကာ မျှော့များ ကဲ့သို့ သွေးကို စုပ်ယူလေ့ ရှိသည်။ တောကြို အုံကြား သွားလာတတ် သူများ ကူးစက်ခံ ရတတ်ပြီး ၄င်း ဗက်တီးရီးယား တွယ်ကပ်ခြင်းကို ခံရသော နေရာ၌ စက်ဝိုင်းပုံစံ အမည်းရောင် အကွက်များ ဖြစ်ပေါ်လာလေ့ ရှိသည်။ တုပ်ကွေးဖျား ဖြစ်သကဲ့သို့ စတင်ခံစား ရပြီး ခန္ဓာ တစ်ကိုယ်လုံး စည်းချက် ပျက်သုဉ်း သကဲ့သို့ ခံစားရသည်။ လေဖြတ် ဝေဒနာ (သို့မဟုတ်) အဆစ်အမျက် ရောင်နာ (သို့မဟုတ်) သွက်ချာပါဒ ရောဂါကဲ့သို့ ခံစားရလေ့ ရှိကြောင်း သိရသည်။

'' ၁၉၈၈ ခုနှစ်လောက်က Lyme ရောဂါကို ဆရာဝန်တွေ သိရှိမှု အားနည်းခဲ့ ပါတယ်။ ဒီရောဂါခံစား နေရသူတွေကို သူတို့က အဆစ်အမျက် ကိုက်တာ၊ လေဖြန်းတာ စတဲ့ ရောဂါအမည် တပ်ခဲ့ကြဖူး ပါတယ်။ တချို့ကလဲ စိတ်နဲ့ ဆိုင်တယ်ဆိုပြီး စိတ်ကျန်းမာရေး ဆရာဝန် တွေနဲ့ ပြသကုသ ခိုင်းသည်ထိ ဖြစ်ခဲ့ဖူးပါတယ်။ ရောဂါအမည် မှားတပ်ပြီး မသက်ဆိုင်တဲ့ ဆေးကို တစ်ရက် ၄၂ လုံးသောက်ခဲ့ ရတဲ့ ဝေဒနာရှင် တွေလဲ ရှိပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger