www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 2, 2016

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၌ Information Center သုံးနေရာဖွင့်လှစ်မည်


ရန်ကုန် ၊ ၂-၅-၂၀၁၆

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက် ဆေးကုသမှု ခံယူနေသည့် လူနာများအား ကျန်းမာရေး ဝန်ဆောင်မှု ပိုမို ကောင်းမွန်စွာ ဆောင်ရွက်ပေး နိုင်ရန် ဆေးရုံဝင်း အတွင်း၌ Information Center သုံးခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို က ပြောသည်။

လူနာစောင့်များ အနေဖြင့် အဆိုပါစင်တာ ၌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မိမိသိရှိ လိုသမျှကို စုံစမ်းမေးမြန်း နိုင်မည်ဖြစ်ပြီး ယင်းစင်တာအား ဆေးရုံကြီး၌ ရက် ၁ဝဝ အတွင်း ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''တချို့ နယ်ကလာတဲ့ လူနာရှင်တွေက ဓာတ်ခွဲခန်းက ဘယ်နေရာမှာ ရှိမှန်းမသိဘူး။ အဲဒီလို ဖွင့်လိုက်ရင် သူတို့အတွက် လည်း အဆင်ပြေသွားမယ်။ ကျန်းမာရေး ဝန်ဆောင်မှု ပိုကောင်းသွား တာပေါ့'' ဟု ၄င်းက ပြောသည်။

လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဟော်မုန်းရောဂါ ဌာန၊ သက်ကြီးရွယ်အို ဌာန၊ ဆေးဝါးကုထုံး ဌာနတို့ကိုလည်း အသစ်တိုးချဲ့ ဖွင့်လှစ်ထားပြီး လုပ်ငန်းများ စတင်လည်ပတ် နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကျန်းမာရေး ဝန်ထမ်းပေါင်း ၃ဝ၅၇ ဦးရှိပြီး တစ်ရက်လျှင်လူနာပေါင်း ၁၈ဝဝ မှ ၁၉ဝဝ အထိ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက် ရှိကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် ဆေးရုံ၌ သတင်းရယူ ရာတွင် အဆိုပါ Information Center များမှတစ်ဆင့် သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ များနှင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger