www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 3, 2016

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းဝေး စေရန်အတွက် သက်ဆိုင်ရာက ကန့်သတ်နယ်မြေကို တိကျစွာသတ်မှတ် ပေးထားသင့်



လားရှိုး ၊ ၃-၅-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင်၊ မြို့နယ်များ အတွင်း ခရီးသွားလာ နေကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အန္တရာယ် ကင်းဝေးစေရန်အ တွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် ကန့်သတ် နယ်မြေကို တိကျစွာ သတ်မှတ်ပေးကာ အချို့သော နေရာများအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရန် လိုအပ်လာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လားရှိုးရုံးခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်း ၏ ပြောပြချက်အရ သိရသည်။

''ကျွန်တော်တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာဆိုရင် သီပေါ၊ နောင်ချို၊ ကျောက်မဲစတဲ့ မြို့ပေါ် မြို့နယ်၊ ကျေးရွာတွေမှာ ရှိတဲ့ တိုင်းရင်းသား တွေရဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ ရိုးရာယဉ်ကျေးမှု တွေကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ က လာရောက် လေ့လာလည်ပတ် ကြပါတယ်။ အဲဒီလို သွားလာ လည်ပတ်ကြ တဲ့အခါမှာ အရင်က ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန် တားမြစ်ထားတဲ့ မြို့နယ်အလိုက် ခွင့်ပြုနယ်မြေ၊ သွားလာနိုင်ရန် ခွင့်ပြုချက် တောင်းရတဲ့ နယ်မြေတွေကို သတ်မှတ်ကြေညာ ထားပြီး ဖြစ်ပါတယ်။ ဧပြီ ၂၆ရက်ကဖြစ် တဲ့ ဂျာမနီ နိုင်ငံသား နှစ်ယောက်ရဲ့ မိုင်းထိဖြစ်စဉ်ဟာ ဆိုရင် သူတို့က FID ပါ။ FID ဆိုတာဟာ သူ့သဘောနဲ့ သူလာတာပါ။ ပြီးရင် သူသွားချင်တဲ့ နေရာ သွားပါတယ်။ သူတို့ကိုတော့ ကျွန်တော်တို့က သူတို့ရဲ့ ဘေးအန္တရာယ် အတွက် လုံခြုံဖို့ ထိန်းချုပ်ရ ခက်ပါတယ်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီနဲ့ လာတဲ့ နိုင်ငံခြားသား တွေကတော့ သူတို့ Guide နဲ့ သူတို့ လာတယ်။ သွားတယ်။ အဲဒါက ပြဿနာ မရှိဘူး။ ဂျာမနီနိုင်ငံသား နှစ်ယောက်က ဟိုတယ်က စီစဉ်ပေးတဲ့ Plan နဲ့ ထွက်သွားတယ်။ သွားတဲ့ နေရာက နယ်မြေဒေသ လုံခြုံမှုမရှိတဲ့ ဧရိယာ ဖြစ်နေပါတယ်။ မိုင်းဖြစ်စဉ် ဖြစ်တဲ့အခါမှာ Control မရှိတာက တစ်ကြောင်း၊ နယ်မြေဒေသ အခြေအနေ အရ ရဲတပ်ဖွဲ့တွေ ချက်ချင်း အလွယ်တကူဝ င်လို့ မလွယ်တာက တစ်ကြောင်းနဲ့ ဒေသက လူမှုကူညီရေး အသင်းရဲ့အကူအညီနဲ့ သူတို့ကို ဆွဲထုတ်ပြီး ဆေးကုသပေး ပါတယ်။ ဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ပံ့ပိုးမှုတွေလဲ လုပ်ပေးလိုက် ပါတယ်'' ဟု ၄င်းက ပြောပြသည်။ 

ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား ဧည့်သည်များ အတွက် ပြည်တွင်း သွားလာမှုနှင့် ပတ်သက်သည့် နယ်မြေဒေသ အနေအထားများကို ၂ဝ၁၃ ခုနှစ်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေး ဝန်ကြီးဌာန ၏ အမိန့် ကြေညာချက် များဖြင့် သွားလာခွင့်ပြုသည့် နယ်မြေများကို သတ်မှတ် ချထားပေးပြီး ဖြစ်သည်။ ဒေသတွင်း နိုင်ငံခြားသား ခရီးသွားဧ ည့်သည်များ လာရောက်မှု များပြား လာခြင်းကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရှိသော်လည်း လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ကာကွယ် ပေးနိုင်ရေး အတွက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်လုပ်ငန်း ရှင်များအပြင် သက်ဆိုင်ရာက သက်ဆိုင်ရာ နယ်မြေများ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် များကို ခွင့်ပြုချက် တောင်းခံစေခြင်း၊ တိကျသော နယ်နိမိတ်များ ထပ်မံကြေညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေး စေလိုကြောင်း ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်း က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger