www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 16, 2016

ပြည်တွင်း၌ ဘဲဥအထွက်နှုန်း ကျဆင်းလာချိန်တွင် ထိုင်းနိုင်ငံမှ ဘဲဥများ တရားမ၀င် ၀င်ရောက်မှု မြင့်တက်လာ



ရန်ကုန် ၊ ၁၆-၅-၂၀၁၆

ပြည်တွင်း၌ ရာသီဥတု ပူပြင်းမှုကြောင့် မြစ်ချောင်းတချို့ရှိ ရေများ ခန်းခြောက်လာ သဖြင့် မြစ်ချောင်းနံဘေးရှိ ဘဲမွေးမြူရေး ခြံများ၌ ဘဲဥ အထွက်နှုန်း ကျဆင်း လာချိန်တွင် ထိုင်းနိုင်ငံမှ ဘဲဥများ တရားမဝင် ဝင်ရောက်မှု မြင့်တက် လာကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ကျေးလက်ဒေသ များ၌ ဘဲများကို လွှတ်ကျောင်း စနစ်ဖြင့် မြစ်ချောင်း ကမ်းစပ်များ၌ မွေးမြူရာ ယခုနှစ်တွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူရှိန် ပြင်းထန်ကာ ရေခန်းခြောက်မှုများ ဖြစ်ပေါ် နေသဖြင့် ဘဲမွေးမြူရေး လုပ်ငန်း ထိခိုက်ပြီး ဘဲများ ဥနှုန်း ကျဆင်း လျက် ရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံမှ ဘဲဥ၊ ကြက်ဥ တင်ဆောင် လာသော ကုန်တင်ယာဉ် များသည် မေလအတွင်း နေ့စဉ် တရားမဝင် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ကြက်နှင့်ဘဲ မွေးမြူမှုစနစ် သည် အအေးခန်း အလုံပိတ် စနစ်ဖြင့် မွေးမြူကြသဖြင့် စားသုံးမှု ပိုလျှံသည့်အပြင် မြန်မာ နိုင်ငံအတွင်းသို့ ဈေးနှုန်း သက်သာစွာ တင်သွင်း နိုင်ကြောင်း၊ ပြည်တွင်း၌ ဘဲဥ အထွက်နှုန်း လျော့နည်းလာပြီး ဘဲဥ ပြတ်လပ် သွားမည်ကို စိုးရိမ်ရသဖြင့် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်မှုများကို တားဆီးရန် ခက်ခဲနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

''အပူချိန် မြင့်တက် လာတဲ့အတွက် ကြက်နဲ့ ဘဲတွေ ဥဥနှုန်း ကျဆင်းလာလို့ ဘဲမွေးသူတွေ စီးပွားရေး ထိခိုက်ပြီး ဈေးကွက်ထဲမှာ ကြက်ဥ၊ ဘဲဥ ပြတ်လာရင် တရားမဝင် ဝင်ရောက် လာတာကို တားဖို့ ခက်ပါမယ်။ အခုဆိုရင် ထိုင်းနိုင်ငံက ကြက်အရှင် တွေနဲ့ ကြက်သားတွေ သာမက ပုစွန်တွေ အပြင် ကြက်ဥ၊ ဘဲဥတွေပါ ဈေးကွက် ထဲကို ဝင်ရောက် လာပါပြီ'' ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကြက်ဥလက်ကား ဈေးနှုန်းသည် တစ်လုံးလျှင် ယခင်ငွေကျပ် ၁ဝဝ မှ ယခု ၁၁၅ ကျပ်၊ ဘဲဥ လက်ကား ဈေးနှုန်းသည် တစ်လုံးလျှင် ယခင်ငွေကျပ် ၁၁ဝ မှ ယခုငွေကျပ် ၁၃ဝ ဖြစ်လာ သော်လည်း နေ့စဉ် ဥအထွက် နှုန်း ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်းလာ ကြောင်း ဧရာဝတီတိုင်း ဒေသကြီးမှ ဘဲဥ၊ ကြက်ဥများ ရောင်းချသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger