www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖျာပုံမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဖျာပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ တစ်ဦးအား ခွဲစိတ်ကုသပေးစဉ်

နေပြည်တော် ၊ ၁၀-၅-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ မေ ၈ ရက်နှင့် ယမန်နေ့တွင် ဒေသခံ ပြည်သူ ၈၆၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားရောဂါများ အပါအဝင် လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက် ပေးပြီး အထွေထွေ ခွဲစိတ်လူနာ၊ မျက်စိခွဲစိတ် လူနာနှင့် သွားရောဂါ လူနာ စုစုပေါင်း ၄၃ ဦးတို့အား ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသ ပေးကာ ဒေသခံ ပြည်သူ စုစုပေါင်း ၁၇၅ ဦးကိုလည်း ဓာတ်မှန်ရိုက်ခြင်း၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း နှင့် နှလုံး စမ်းသပ်ခြင်းများ ဆောင်ရွက် ပေးသည့်အပြင် ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာတစ်ဦးကို လည်း တပ်မတော် ဆေးရုံတွင် တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ထိ ဒေသခံပြည်သူ ၇၉၃၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger