www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

မော်လမြိုင်မြို့ရှိ အခြေခံရေကြောင်းလူငယ် သင်တန်းတွင် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်


မော်လမြိုင်မြို့ရှိ အခြေခံရေကြောင်း လူငယ်သင်တန်းမှ သင်တန်းသား သင်တန်းသူ များ လှေလှော်ရွက်တိုက် လက်တွေ့ လေ့ကျင့်နေစဉ်

နေပြည်တော် ၊ ၁၀-၅-၂၀၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေခံ ရေကြောင်းလူငယ် သင်တန်းကို ဧပြီ ၂၅ ရက်မှစ၍ သင်တန်းသား၊ သင်တန်းသူ ၅ဝ ဦးဖြင့် ဖွင့်လှစ် သင်ကြားလျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်းနှင့် တာဝန်ရှိသူ များက ယင်းသင်တန်းသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ၏ လှေလှော်ရွက်တိုက် လက်တွေ့ လေ့ကျင့်ခန်း သင်ကြား နေမှုအား ကြည့်ရှု အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေး ခဲ့သည်။

ယင်းနောက် မော်လမြိုင်မြို့ အိမ်တွင်းမှု အသက်မွေး လုပ်ငန်းသင်တန်း ကျောင်းရှိ အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း ၌ မော်လမြိုင် တပ်နယ်မှ မိသားစုဝင်များ၏ သင်ယူ လေ့ကျင့်နေမှု များအား ကြည့်ရှု အားပေးကာ သင်တန်း လိုအပ်ချက် များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger