www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၀-၅-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မှ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့သည် မေ ၈ ရက်နှင့် ယမန်နေ့တွင် ဟိန်းဇဲကျွန်းနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံပြည်သူ ၂၁၁၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီး ယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ နှင့် သွားရောဂါများ အပါအဝင် လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးပြီး အထွေထွေ ခွဲစိတ်လူနာ၊ မျက်စိခွဲစိတ် လူနာနှင့် သွားရောဂါလူနာ စုစုပေါင်း ၈၇ ဦးတို့အား ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသ ပေးကာ ဒေသခံပြည်သူ စုစုပေါင်း ၁၄၈ ဦးကို ဓာတ်မှန်ရိုက် ခြင်း၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း နှင့် နှလုံးစမ်းသပ်ခြင်းများ ဆောင်ရွက် ပေးသည်။

အလားတူ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာ ၄၈ ဦးကိုလည်း ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင် ကုသပေးလျက် ရှိကာ လူနာ ၁ဝ ဦးကိုလည်း တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသ နိုင်ရေး စီစဉ် ဆောင်ရွက် ပေးသည်။

ထို့ပြင် မေ ၈ ရက်တွင် သားဖွားမီးယပ် ရောဂါဝေဒနာရှင် ဒေသခံပြည်သူ တစ်ဦးကို ခွဲစိတ်ကုသရာ၌ အရေးပေါ် သွေးလိုအပ်သဖြင့် ဆေးရုံသင်္ဘောမှ တာဝန်ရှိသူ တစ်ဦးက သွေးလှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကမ်းရိုးတန်းဒေသ များရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ထိ ဒေသခံပြည်သူ ၉၃ဝ၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger