www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 16, 2016

နာဆာအဖွဲ့၏ တိုင်းတာတွက်ချက်မှုများ အရ ဧပြီလကို ကမ္ဘာ့မြေကြီး စံချိန်တင်ပူနွေးခဲ့သော လတစ်လအဖြစ် ဖော်ပြ



ဝါရှင်တန် ၊ ၁၆-၅-၂၀၁၆

နာဆာအဖွဲ့၏ တိုင်းတာ တွက်ချက်မှုများ အရ ပြီးခဲ့သော ဧပြီလကို ကမ္ဘာ့မြေကြီး စံချိန်တင် ပူနွေးခဲ့သော လတစ်လ ဖြစ်ကြောင်း ဖော်ပြခဲ့သည် ဟု IBT သတင်းဌာနက ယမန်နေ့တွင် ရေးသားခဲ့သည်။

နာဆာ၏ တိုင်းတာချက် အရ ၁၂ လတိတိ အပူချိန် ဆက်တိုက် မြင့်တက်ခဲ့သော ကာလတစ်ခု အဖြစ် မှတ်တမ်းဝင် သွားကြောင်း သိရသည်။

ဧပြီလက ဖြစ်ပေါ်ခဲ့သော အပူချိန်သည် ယခင်ထက် ၁ ဒသမ ၁၁ ဆဲလ်စီယပ် ထိ မြင့်တက်လာ ခဲ့သည်။ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ဦးဆောင်၍ ကမ္ဘာ့မြေကြီး ပူနွေးမှုကို လျှော့ချရန် အတွက် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ကာ စီမံချက်များလည်း စတင် အကောင် အထည်ဖော်လျက် ရှိသည်။ ပဲရစ် သဘောတူညီ ချက်များကို ဧပြီ ၂၂ ရက်က နိုင်ငံပေါင်း ၁၇ဝ ကျော်မှ ကိုယ်စားလှယ် များက လိုက်ပါ ဆောင်ရွက်ရန် သဘော တူညီမှု လက်မှတ်ရေးထိုး ပြီး ဖြစ်ကြောင်း သိရသည်။

သို့သော် အချို့နိုင်ငံ များတွင် လက်မှတ်ရေးထိုး မှုကို ပြုလုပ်ပြီး ဖြစ်သော်လည်း သဘော တူညီချက်ပါ အချက်အလက် များအတိုင်း လိုက်ပါ ဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။

အချို့ တိုးတက်ဆဲ နိုင်ငံများ ဖြစ်ကြသော ဖီဂျီ၊ မာရှယ်လ်ကျွန်း နှင့် ဆိုမားလီးယား စသည့် နိုင်ငံများက ပဲရစ် သဘောတူညီ ချက်ကို သဘော တူညီကြောင်း ပထမဆုံးသော လက်မှတ် ရေးထိုးသည့် နိုင်ငံများ ဖြစ်ကြသည့် အပြင် သဘောတူ ညီချက်ပါ အချက်အလက်များ အတိုင်း လိုက်ပါ ဆောင်ရွက်မှု အားကောင်း သောနိုင်ငံများ ဖြစ်ကြကြောင်း မှတ်တမ်းများ အရ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger