www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 6, 2016

အခြေခံလူတန်းစားတွင် အရေပြား ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မား



ဝါရှင်တန် ၊ ၆-၅-၂၀၁၆

ကင်ဆာရောဂါ ဟူသမျှ ကုသစရိတ် အလွန်မြင့်မားပြီး လူ့ ဘ၀ကို သက်တမ်းစေ့ နေထိုင်သွားနိုင်ရန် အလွန်ခက်ခဲ စေတတ်သည် ဖြစ်ရာဝယ် အရေပြားကင်ဆာ သည် မိမိကိုယ်ကိုယ် ကောင်းစွာကာကွယ် နိုင်သော ငွေကြေး တတ်နိုင်သည့် လူတန်းစားတွင် ဖြစ်ပွားမှု နည်းပါးပြီး နေပူ၊ မိုးရွာမရှောင် အလုပ်လုပ်ရလေ့ ရှိသော အောက်ခြေ လူတန်းစားတွင် ဖြစ်ပွားမှုများလေ့ ရှိကြောင်းနှင့် ၄င်းတို့ သည် အရေပြားကင်ဆာ ကို ထိရောက်စွာ ကုသနိုင်ရန် ငွေကြေး ပြည့်စုံခြင်း မရှိသည့်အတွက် ရောဂါ အခြေအနေ မှာလည်း ပို၍ဆိုးဝါး လာရန်မှာ လွယ်ကူနေကြောင်း အမေရိကန် ကင်ဆာအသင်းမှ ထုတ်ပြန် ကြေညာသည်။ 

ပိုက်ဆံနဲ့ အသက်ကို ၀ယ်လို့ မရပေမယ့် အသက်ကို ဆက်လို့ တော့ ရနေတာကို တွေ့ ရပါတယ်။ ငွေကြေး တတ်နိုင်သူတွေဟာ နေပူဒဏ်ကို နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ကြသလို အရေပြားကင်ဆာ ဖြစ်လာတယ် ဆိုရင်လည်း ငွေကုန်ကြေးကျခံပြီး ကုစားနိုင်ကြ ပါတယ်။

" အခြေခံ လူတန်းစားတွေ အနေနဲ့ ကျတော့ နေပူဒဏ်ကိုခံပြီး အလုပ်လုပ် ရသလို ကင်ဆာဖြစ်လာရင်လည်း ထိထိရောက်ရောက် ကုသနိုင်ခြင်း မရှိတဲ့ အတွက် သေဆုံးနိုင်ခြေ မြင့်မားပါတယ် " ဟု သုတေသီ တစ်ဦးက ပြောသည်။ 

နယူးယောက် ပြည်နယ် တက္ကသိုလ်မှ အရေပြားကင်ဆာ ဖြစ်ပွားနေသူ ၁၃၃၉ ဦးကို လေ့လာဆန်းစစ် ခဲ့ရာ တစ်နှစ်လျှင် ၀င်ငွေဒေါ်လာ ၉၀၀၀၀ အောက်သာ ရရှိသူများသည် အသက်ရှင်သန် နိုင်ခြေနည်းပါး သည်ကို တွေ့ ရှိရကြောင်း၊ ၀င်ငွေကောင်း လာသည်နှင့်အမျှ ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်သည့်အားလည်း ကောင်းလာသည်ကို တွေ့ ရှိရကြောင်း သိရသည်။ ၀င်ငွေ နည်းပါးသူတွေဟာ ၀င်ငွေ ကောင်းမွန်သူ တွေထက် ရောဂါရှာဖွေ စမ်းသပ်မှုခံယူ တဲ့အချိန် နောက်ကျလေ့ ရှိပါတယ်။ ကင်ဆာမှာ နောက်ကျသွားရင် ကုသမှုကို အများကြီး ရှုပ်ထွေးသွား စေနိုင်ပါတယ်။ 

" ၀င်ငွေ ကောင်းမွန် သူတွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာ တွေကိုလည်း ရွေးချယ်စားသောက် နိုင်စွမ်းရှိတဲ့ အတွက် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် ထိန်းထား နိုင်ကြပါတယ်။ ၀င်ငွေ နည်းပါးသူတွေ မှာတော့ အမြန်ရ အစားအစာ တွေကိုသာ အားကိုးရတဲ့ အတွက် ကိုယ်အလေးချိန်လည်း မကောင်းပါဘူး " ဟု သုတေသီတစ်ဦး က သုံးသပ်ပြသည်။ 

ဝင်ငွေ ကောင်းမွန်သူ များသည် ပညာရေးကိုလည်း ပိုမို လိုက်စားလေ့လာ နိုင်ကြကြောင်း၊ ထို့ အတွက်လည်း အရေပြားကင်ဆာ နှင့်ပတ်သက်လာလျှင် ပို၍အသိ၊ သတိရှိကြကြောင်း၊ နေရောင်ခြည် ဒဏ်ကို မခံရလေအောင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ကြပြီး ကင်ဆာဖြစ်ပွား လျှင်လည်း အသက်ရှင်သန် ရပ်တည်နိုင်ရေး အတွက် မိမိကိုယ်ကိုယ် ဆေးဝါးကုသ နိုင်ကြကြောင်း ၊ ထို့ ကြောင့် ၀င်ငွေနည်းပါးသော အခြေခံ လူတန်းစား များတွင် အရေပြား ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားပြီး အသေအပျောက်လည်း များလာနိုင်သည့် အပေါ် အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရေး ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger