www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 23, 2016

ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ ဖရဲသီးတန်ချိန် ၁၆၀၀၀၀ ကျော်တင်ပို့



ရန်ကုန် ၊ ၂၃-၅-၂၀၁၆

မြန်မာ-တရုတ် နယ်စပ်နှင့် အိန္ဒိယနယ်စပ် ရှိ ကုန်သွယ်ရေး စခန်းများမှ ဧပြီလ တစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ ဖရဲသီးတန်ချိန် ၁၆ဝဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

ဧပြီ ၁ ရက်မှ ၃ဝ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈၉၅ သန်း တန်ဖိုးရှိ ဖရဲသီး ၈၂၈ဝ၂ တန်ခွဲ နှင့် လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၅၆၇ သန်း တန်ဖိုးရှိ ဖရဲသီး ၈ဝဝ၇ဝ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၄၄ သန်းတန်ဖိုးရှိ ဖရဲသီး ၂၂၈၆ တန် တင်ပို့ ခဲ့သည်။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၃ သန်း တန်ဖိုးရှိ ဖရဲသီး ၃ တန်နှင့် ရိဒ် ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၈ သန်းတန်ဖိုးရှိ ဖရဲသီးတန်ချိန် ၂၈ တန်ခွဲကျော် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၇၁၇ သန်း တန်ဖိုးရှိ ဖရဲသီး တန်ချိန် ၁၆ဝဝဝဝ ကျော် တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

တမူးနယ်စပ် ကုန်သွယ်ရေးနှင့် ရိဒ်ကုန်သွယ်ရေး စခန်းတို့သို့ တင်ပို့သည့် ဖရဲသီးများမှာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် အနီးတစ်ဝိုက်မှ ထွက်ရှိသည့် ဖရဲသီးများ ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးမှ ထွက်ရှိသည့် ဖရဲသီးများကို ပြီးခဲ့သည့်နှစ် ဖရဲသီးစတင် ထွက်ရှိသည့် ဒီဇင်ဘာလမှ စ၍ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger