www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 22, 2016

ဆဌသင်္ဂါယနာ နှစ်(၆၀)ပြည့် နှင့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း နှင့် မဟာဗောဓိ ညောင်ပင်များကို ညောင်ရေ သွန်းလောင်းပူဇော်


တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မဟာဗောဓိညောင်ပင် အား ညောင်ရေသွန်းလောင်း ပူဇော်စဉ်

နေပြည်တော် ၊ ၂၂-၅-၂၀၁၆

မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ သာသနာတော် နှစ် ၂၅၆ဝ ပြည့်နှစ်၊ ယနေ့တွင် ကျရောက်သော ကဆုန် လပြည့်နေ့ သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဗျာဒိတ်တော် ခံယူသောနေ့၊ ဖွားမြင် တော်မူသောနေ့၊ ဘုရား ဖြစ်တော်မူသော နေ့နှင့် ပရိနိဗ္ဗာန် စံဝင်တော်မူ သောနေ့ ဖြစ်သည့် နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်သည်။

ထို့ပြင် ယနေ့ ကဆုန် လပြည့်နေ့ သည် ဆဋ္ဌ သင်္ဂါယနာတင် အောင်ပွဲကြီး၏ နှစ်(၆ဝ)ပြည့် သည့်နေ့လည်း ဖြစ်သဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဗုဒ္ဓပူဇနိယမင်္ဂလာနှင့် ကဆုန်ညောင် ရေသွန်းပွဲများကိုပြုလုပ်ကြရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိ ကုန်တိုက်ရှေ့ရှိ လောက ချမ်းသာ ဆုတောင်းပြည့် အသင်း ဘုရားကြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)(ရေ)(လေ) မိသားစု များသည် ယမန်နေ့ ညနေပိုင်းတွင် မဟာဗောဓိ ညောင်ပင်များကို ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး တို့သည် လောကချမ်းသာ ဆုတောင်းပြည့် အသင်း ဘုရားကြီးအား ပန်း၊ ဆီမီးနှင့် သောက်တော်ရေချမ်း တို့ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များသည် လောကချမ်းသာ ဆုတောင်းပြည့် အသင်း ဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များအား ညောင်ရေ သွန်းလောင်း ပူဇော်ရန် နေရာယူကြပြီး သတ်မှတ် ထားသည့် နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိ ညောင်ပင်များကို ညောင်ရေ သွန်းလောင်း ပူဇော်ကြကာ အမွှေးနံ့သာရည် များပက်ဖျန်း ပူဇော်ခဲ့ ကြသည်။

အဆိုပါ ညောင်ရေ သွန်းလောင်း ပူဇော်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့်ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲ တာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ရုံး။ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြကာ မဟာ ဗောဓိညောင်ပင် များကို ညောင်ရေ သွန်းလောင်း ပူဇော် ခဲ့ကြသည်။

ထို့ပြင် ယနေ့ ကဆုန် လပြည့်နေ့ သည် ဆဋ္ဌ သင်္ဂါယနာတင်အောင်ပွဲကြီး၏ နှစ် (၆ဝ)ပြည့်သည့် နေ့နှင့်လည်း တိုက်ဆိုင် နေသဖြင့် ယင်း အထိမ်းအမှတ် အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)(ရေ)(လေ) ရုံး။ဌာနများမှ မိသားစုဝင် များ၏ ဘုရား အနေကဇာတင် အလှူတော် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နဝဒေးခန်းမ၌ ပြုလုပ်ရာ ကန်ဦး ပရိယတ္တိ စာသင်တိုက် ဆရာတော် သာသနဓဇ ဓမ္မာစရိယ မဟာဂန္ထ၀ါကစ ပဏ္ဍိတ ဘဒ္ဒန္တသိလာသ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး ဗုဒ္ဓ ရုပ်ပွားတော် ၄၁၄ ဆူအား ဗုဒ္ဓါဘိသေက အနေကဇာ တင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူ ကြသည်။ ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး စခန်းမှူး ဗိုလ်ချုပ် ဝင်းသိန်း အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ပရိတ် တရားတော်များ နာယူကြသည်။ ယင်းနောက် သံဃာတော် များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် များတွင်လည်း ဆဋ္ဌ သင်္ဂါယနာ နှစ် (၆ဝ) ပြည့် အထိမ်းအမှတ် နှင့် ကဆုန် လပြည့်နေ့ ညောင်ရေသွန်း ပွဲများ ကိုပြုလုပ်ကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တို့တွင် ဗုဒ္ဓါ ဘိသေက ဘုရား အနေကဇာတင် ခြင်းနှင့် ကဆုန် ညောင်ရေသွန်း လောင်းပူဇော်ခြင်း များ ပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger