www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 16, 2016

ကစီဓာတ်ကင်းမဲ့သော အစားအစာများကြောင့် ကလေးငယ်များ ကျန်းမာရေးထိခိုက်နိုင်



ဝါရှင်တန် ၊ ၁၆-၅-၂၀၁၆

အူသိမ်နှင့် ကစီဓာတ် မတည့်သော ရောဂါကြောင့် ကစီဓာတ်ပါသော အစာကို စားမိလျင် အစာမကြေ ဖြစ်လေ့ရှိသည့် ရောဂါကို Cliac Disease ဟု ခေါ်ဆိုကြောင်း နှင့် ကစီဓာတ်နှင့် မတည့်သောကြောင့် ကစီဓာတ် ကင်းမဲ့သော အစားအစာများကိုသာ ရွေးချယ် စားသောက်ပြန် လျှင်လည်း ကလေးငယ်များ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း အမေရိကန် သုတေသီများက ထုတ်ပြန် ကြေညာသည်။ 

အမေရိကန် ပြည်ထောင်စုတွင် ကစီဓာတ် (Gluten) ကင်းမဲ့သော အစားအစာ များကိုသာ ရွေးချယ် ၀ယ်ယူသည့်နှုန်း မြင့်တက် လာသည့်အတွက် ၂၀၂၀ အတွင်း ကစီဓာတ် ကင်းမဲ့  အစားအစာရောင်းချရမှု နှုန်းမှ အမေရိကန် ၂၄ ဘီလီယံ ဒေါ်လာထက် မနည်း ရှိလာနိုင်ကြောင်း၊ ကျန်းမာရေး အသိ၊ သတိ ရှိသော လူတန်းစား များသည် ကစီဓာတ် လွန်ကဲလျှင် အစာကြေရန် ခက်ခဲပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည် ဆိုကာ ကလေးငယ်များကို ကစီဓာတ် ကင်းမဲ့သော အစားအစာများ ကိုသာ ရွေးချယ်ကျွေးမွေး လာကြကြောင်း၊ သို့ သော် ကလေးများ အနေဖြင့် ကစီဓာတ်ကို  လုံးဝမရလျှင်လည်း ကျန်းမာရေး အပြည့်အ၀ ကောင်းနိုင်မည် မဟုတ်ကြောင်း သုတေသီများက ဆိုသည်။

ကစီဓာတ်နဲ့ မတည့်တဲ့ Cliac ရောဂါကို ခံစားနေရသူ ကလေးဦးရေဟာ လူကြီးဦးရေရဲ့  ၁ ရာခိုင်နှုန်းခန့်  ရှိပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ကစီနဲ့  မတည့်ပေမယ့် လည်း အူလမ်းကြောင်းကို ဒုက္ခပေးလေ့ မရှိပါဘူး။ ဒါကို သတိမထားမိဘဲ အစိုးရိမ် လွန်ပြီး ကလေးကို ကစီဓာတ်ပါတဲ့ အစားအစာ မကျွေးဘဲထားမယ် ဆိုရင် ကလေးမှာ အာဟာရချို့ တဲ့ သွားနိုင်ပါတယ်။ 

ကစီဓာတ်မပါတဲ့ အစားအစာတွေမှာ ဗိုက်တာမင်ဘီ၊ ဒီ၊ တစ်ရှူးအမျှင်ဓာတ်၊  ဖောလိတ်ဓာတ်၊ ကယ်လ်စီယမ်၊ မက်ဂနီစီယမ်၊ အိုင်းရွန်း အစရှိတဲ့ဓာတ်တွေ ပါဝင်တော့မှာ မဟုတ်တဲ့အတွက် သင့်ကလေးဟာ ဆိုးရွားစွာ အာဟာရချို့ တဲ့ နိုင်ပါတယ် ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။ ဗိုက်တာမင် ချို့တဲ့တဲ့ ကလေးတွေဟာ ကြီးထွားဖွံ့ ဖြိုးမှုနှုန်း အားနည်းပြီး သေးကွေးကြံလှီ သွားနိုင်သလို တစ်ရှူး ဖိုင်ဘာ အမျှင်ဓာတ် မလုံလောက်တဲ့ အတွက် အူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။ ကလေးတွေ ဟာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသား၊ ကာဗိုဟိုက်ဒရိတ် အားလုံးကို မျှမျှတတ စားမှ ကျန်းမာရေးနဲ့  ညီညွှတ်မှာ ဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက် ရှင်းပြသည်။

မိုးခေါင်ရေရှားပြီး အစားအစာ ပြတ်လပ်နေတဲ့ နေရာမှာမှ ကလေးတွေ အာဟာရချို့ တဲ့တာ မဟုတ်ပါဘူး။ နီယွန်မီးတွေ ထိန်ထိန်လင်း နေတဲ့မြို့ ကြီးပြကြီး မှာလည်း မိဘက အစာ စနစ်တကျ မကျွေးတတ်ရင် ကလေးတွေ အာဟာရချို့တဲ့ မှာပဲ ဖြစ်ပါတယ်။ ကစီဓာတ်နဲ့ မတည့်တိုင်း ကစီဓာတ်ကို အပြည့်အ၀ရှောင်ဖို့ မလိုအပ်တဲ့ အတွက် ကလေးတွေ ကို ညီညွှတ်မျှတစွာ ကျွေးမွေးတတ်ဖို့ လိုအပ်ပါတယ် ဟု ၄င်းက ပြောကြား ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger