www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 23, 2016

ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ရုရှားရေတပ်မှ စစ်ရေယာဉ်သုံးစင်း ပြန်လည်ထွက်ခွာ


ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်မှ စစ်ရေယာဉ်များ သန်လျင် သီလ၀ါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၃-၅-၂၀၁၆

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ရုရှားရေတပ်မှ စစ်ရေယာဉ် Admiral Vinogradov ၊ Fotiy Krylov နှင့် IRKUT တို့ သုံးစင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိ သူများက ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် ရုရှားနိုင်ငံ ရေတပ် Russian Pacific Fleet မှ Captain First rank Alexander Potapov ဦးစီး၍ အရာရှိ ၄၂ ဦး၊ အခြားအဆင့် ၃၂၁ ဦးနှင့် အရပ်သား ရေယာဉ်ဝန်ထမ်း ၁၁၃ ဦးတို့ လိုက်ပါလာပြီး မေ ၁၈ ရက်မှ ယမန်နေ့အထိ ငါးရက် ကြာ နေထိုင်၍ ရန်ကုန်မြို့တွင် လေ့လာရေး ခရီးစဉ်များ သွားရောက် လေ့လာကြပြီး ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ ကြသည်။

ထိုသို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သို့ နိုင်ငံတကာမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger