www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 3, 2016

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုဝန်ကြီးဌာန ကို တာဝန်ခံဝန်ကြီးဌာန အဖြစ်သတ်မှတ်


ရန်ကုန် ၊ ၃-၃-၂၀၁၆

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်အထည် ဖော်ရန် အဓိကတာဝန်ယူ ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီး ဌာနကို တာဝန်ခံဝန်ကြီး ဌာနအဖြစ် တရားဝင် သတ်မှတ် ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ဝ၁၅ ခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် ရမည့် ဝန်ကြီးဌာနကို ဖော်ပြနိုင်ခြင်း မရှိခဲ့ဘဲ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ပေး အပ်သည့် ဝန်ကြီးဌာန ဟူ၍သာ ရေးဆွဲ နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနသည် စက်မှု ဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန လက်အောက်တွင် ရှိမည် ဖြစ်ကြောင်း သိရသည်။

''စက်မှုဝန်ကြီး ဌာနကို တရားဝင် မသတ်မှတ် ရသေးတော့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနအတွက် နိုင်ငံတော်က ဘတ်ဂျက်မပေး နိုင်ပါဘူး။ နိုင်ငံတော်က ဝန်ထမ်းတွေရဲ့ လစာပဲ ပေးနိုင်တယ်။ အခု တရားဝင် သတ်မှတ်ပြီးသွားပြီ ဆိုတော့ နိုင်ငံတော် ကနေ ဘတ်ဂျက်ရမယ်။ ဌာနရဲ့ လုပ်ငန်းတွေက လည်း တရားဝင် ဖြစ်တဲ့အတွက် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပိုပြီးလုပ်နိုင် တာပေါ့'' ဟု စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနကို ၂ဝ၁၄ ခုနှစ် ဧပြီလမှစပြီး အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ အနှံ့၌ ရုံးခွဲပေါင်း ၅ဝ အထိရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger